25 C
Yangon

ဂန့်ဂေါတွင် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်း အင် အား အများအပြားဖြင့် ထိုးစစ်ဆင်မှု ၂ ရက်ကြာအထိ အခြေအနေမသိရသေး

Must read

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်တွင် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်း အင်အား အများအပြားဖြင့် PDF တပ်ဖွဲ့ကို ထိုးစစ်ဆင်လျက်ရှိရာ ထိုးစစ်ဆင်သည့် မေလ ၂၆ ရက်နေ့မှ ယနေ့ ၂ ရက် ကြာအချိန်အထိ အခြေအနေ မသိရသေးကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ပိုင်း မြစ်သာဆည်ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲဝန်းကျင်မှ စကာ ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စက်သေနတ်များနှင့် ၂ နာရီကြာ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ လေကြောင်း ပစ်ခတ်မှုအပြင် ကုန်းကြောင်းကပါ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုများ ရှိကြောင်း၊ ဂန့်ဂေါမြို့နယ် စပယ်၊ စင်ပုံ၊ ပနန်း၊ ယင်းမာရွာ လေးရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ် စီးနင်းမှုများကြောင့် PDF နှင့် YDF စခန်းများကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး PDF ရဲဘော် ၇ ဦးခန့်ကျဆုံးသွားသည့်အပြင် ရဲဘော် ၃ ဦးက စစ်တပ်၏ အဖမ်းမခံဟုဆိုကာ မြစ်သာဆည်အတွင်းခုန်ချသွားမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ခွေးတွေ ရှိနေတော့ နယ်မြေရှင်းဖို့ မဖြစ်နိုင်သေးဘူး။ ပြည်သူတွေရော အများအပြားသေနိုင်တယ်။ PDF ၃ ယောက်ကတော့ သူတို့သတ်လို့ အသေမခံဘူးဆိုပြီး ဆည်ထဲကို ခုန်ချသွားတယ်” ဟု နယ်မြေခံ PDF တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးက မေလ ၂၇ ရက်နေ့တွင်လည်း ဆည်ပေါ်တွင် ပျံဝဲနေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂါ အပါအဝင် ယောဒေသတွင် မြေပြင် ထိန်းချုပ်နိုင်မှု အလွန်နည်းပါးလာသောကြောင့် စစ်တပ်က လေကြောင်း ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာ၍ ပြည်သူများ ၊ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်ရေးသတိ လေကြောင်းရန်သတိများ ပိုမိုသတိပြုရန် ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ပေါင်းစု(YRPA) က သတိပေးသည်။

YRPA အနေဖြင့် ကျဆုံးသွားရသော ပြည်သူများနှင့် ရဲဘော်များအတွက် စစ်ကောင်စီတပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

ဓာတ်ပုံ- တိုက်ပွဲဖြစ်ပွားသော မြစ်သာဆည်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article