33 C
Yangon

မိုးဗြဲအင်းရှိ လွယ်ပန်းစုံကျေးရွာအတွင်းသို့ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်

Must read

ရန်ကုန်၊ မေ ၂၉

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်းအတွင်း ကျွန်းပေါ်တွင်တည်ရှိသော လွယ်ပန်းစုံကျေးရွာကို ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ယနေ့ မေလ ၂၉ ရက် နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း‌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

ဖယ်ခုံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၇ လက်အောက်ခံ တပ်ရင်းများက လွယ်ပန်းစုံကျေးရွာကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၁၇ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များ လွယ်ပန်းစုံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ပျက်စီးကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေလ ၁၃ ရက်မှ စတင်ကာ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ကရင်နီကာကွယ်ရေးတပ်ဖွဲ့များ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဝန်းကျင်သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ၃ ဦး ထက်မနည်း ကျဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article