30 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၃၉ ဦး ရှိလာပြီး မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာပေါင်း ၁၄ ခုအထိရှိလာ

Must read

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ ဝင်ရောက်မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ စုစု ပေါင်း ၁၄ ရွာ ရှိလာပြီး စစ်ကောင်စီဝင်များ၏ သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် သေဆုံးသူ ပြည်သူ ၃၉ ဦးအထိရှိလာကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ အင်ငုတ္တို၊ ထန်းတော (နှစ်ကြိမ်မီးရှို့ခံရ)၊ ရဲဒွေး (သုံးကြိမ်မီးရှို့ခံရ)၊ ညောင်ပေါင်ရင်း၊ ရွာသစ်ကုန်း(ဖျက်ဆီးခံရ)၊ ပုဏ္ဏားကြီး၊ တင်မော်၊ ဥကင်းကြည်၊ ပိတောက် ပင်(နှစ်ကြိမ် မီးရှို့ခံရ)၊ အုတ်ခင်း၊ ကံကြီး၊ပိတောက်ခုံ (ကိုးထောင်ဘို့)၊ ဇော်ချောင်း၊ ပေလည် ကျေးရွာတို့ ဖြစ်ပြီး စစ်ကောင်စီ၏ ရွာပြင်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခံရသည့် ကျေးရွာ ငါးရွာရှိကြောင်း၊ ၎င်းတို့မှာ လက်ခုပ်ကုန်း၊ လျော်ဖြူကုန်း၊ အင်ငုတ္တို၊ ပေလည်နှင့် ရွာသစ်ကုန်းကျေးရွာမှာ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်၏လက်နက်ကြီးဖြင် ပစ်ခတ်မှုကြောင့် လက်ခုပ်ကုန်းရွာတွင် အသက် ၃ နှစ်အရွယ် မောင်ဇော်ဖြိုးခန့် အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး လျှော်ဖြူကုန်းကျေးရွာတွင် နေအိမ် နှစ်လုံး ပျက်စီးခဲ့ကြောင်း၊ ပေလည်တွင် အပြစ်မဲ့ ပြည်သူ ၉ ဦး သေဆုံးကာ ရွာသစ်ကုန်းတွင်မူ ပြည်သူ ၆ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်ကောင်စီ၏ မတရား သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ကြရသည့်ပြည်သူများမှာ လက်ခုပ်ကုန်းကျေးရွာမှ မောင်ဇော်ဖြိုးခန့် (အသက် ၃ နှစ်)၊ မသီတာမြင့်၊ မသီတာလင်း၊ မသင်း ၊ ရွာသစ်ကုန်းမှ ကိုအောင်ဌေး၊ ကိုမြင့်သောင် ၊ ကိုအောင်ဖြိုးမင်း၊ ကိုအောင်ဖြိုးလင်း၊ ကိုဝင်းကိုနှင့် ကိုမင်းနိုင်၊ ပေလည်ကျေးရွာမှ ကိုတင်ထွန်းဦး (ခ) မောင်မောင်၊ ကိုမြင့်လွင် (ခ) ငလုံး၊ ကိုမင်းမင်းထွန်း ၊ ကိုချစ်ကောင်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုဟိန်းကိုဦး၊ ကိုဇင်မင်းထက်၊ ဒေါ်သန်းနွယ်နှင့် မသက်ဖူးဝေ၊ လက်ခုပ်ပင်ကျေးရွာမှ ကိုဟိန်းသူ (ပင့်သာကျေးရွာတွင် ဖမ်းဆီးအသတ်ခံရ) တို့ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် စပါယ်နံ့သာကျေးရွာမှ CDM ကျောင်းဆရာ ဦးအောင်လှိုင်ဝင်း (၆၀၀၆ တင့်ကားတပ် စစ်ကြောရေးတွင် သတ်ဖြတ်ခံရ)၊ ကံကြီးကျေးရွာမှာ ဦးတင်ထွန်း (ချပ်သင်းရဲစခန်းတွင် ဖမ်းဆီး သတ်ဖြတ်ခံရ) ၊ ကိုကောင်းသီဟ (ချပ်သင်းရဲစခန်းတွင် ဖမ်းဆီး သတ်ဖြတ်ခံရ)၊ ဦးဖိုးလှ၊ ကိုမော်မော်၊ ဦးစံလွင် ၊ မန်ကျည်းကုန်းကျေးရွာမှ ဦးမောင်ညွန့် (ပင့်သာကျေးရွာတွင် ဖမ်းဆီး သတ်ဖြတ်ခံရ)၊ ကိုဖြိုးဟိးန်၊ ၊ တင်မော်ရွာမှ ဦးအောင်စိုးလင်း (ချပ်သင်းရဲစခန်းတွင် ဖမ်းဆီး သတ်ဖြတ်ခံရ)၊ မုန့်ပေါင်းရွာမှ ဦးဖိုးစူ (ချပ်သင်းရဲစခန်းတွင် ဖမ်းဆီး သတ်ဖြတ်ခံရ) ၊ အင်ငုတ္တိုရွာမှာ ဦးသိန်းဦး၊ ပုဏ္ဏားကြီးရွာမှ ဦးဝင်းစိုး (စိတ်ကျန်းမာရေး မကောင်းသူ)၊ ပင့်သာကြီးရွာမှ ကိုစိုးထက်အောင်၊ ချပ်ကြီးရွာမှ ဦးတင်မြင့် ၊ ကိုချိုမြင်နိုင် (မီးရှို့သတ်ခံရ) ၊ မကြူကြူခိုင်၊ ဦးသန်းဌေး ၊ ချပ်သင်းကျေးရွာမှ အီဗဒါ၊ ကျော်သီဟ တို့ ကိုလည်း စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ ဖျက်ဆီးမီးရှို့ သွားသော ကန့်ဘလူကျေးရွာတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article