36 C
Yangon

KNU တပ်မဟာ ၅ နယ်မြေ မယ်ညုထာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ စပါးကျီ ၁ လုံး မီးလောင်ဆုံးရှံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေပူနိုနှင့် သေကာထာရွာများရှိ နေအိမ်အချို့ ပျက်စီး

Must read

ရန်ကုန်၊ မေ ၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မာထောရွာတွင် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ ၄၀၈ မှ တပ်ဖွဲ့ဝင်များသည် ဘူးသိုမြို့နယ်၊ မယ်ညုထာကျေးရွာအတွင်းသို့ မေလ ၁ ရက် ည ၈ နာရီခန့်တွင် ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်မှုကြောင့် ဒေသခံ စောဖားကယ်၏ စပါး ၉၀ တင်းဆံ့ စပါးကျီ ၁ လုံး မီးလောင်ပြာကျသွားသလို အနီးရှိ ဆန်စက် ၁ လုံးပါ မီးလောင်ပျက်စီးခဲ့ရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

အလားတူ မေလ ၁ ရက် ညေန ၄ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လူသောမြို့နယ်အတွင်းရှိ ဒေပူနိုနှင့် သေကာထာကျေးရွာများအတွင်းသို့ ၁၀ ကြိမ်ခန့် ဗုံးကျဲပစ်ခတ်ခြင်းကြောင့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်တွေ စပါးကျီ၊ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article