29 C
Yangon

ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး ၈ ဦး ဒဏ်ရာရ၊ မော်လိုက်၊ ပန်းသာ ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းကုန်းမှ တောင်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၂ ရက်နေ့တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရကြောင်း Eagles Army – HPDF က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် အေးချမ်းလွင်ရွာမှ အင်ဒေါင်းကျေးရွာဘက်သို့ ထွက်ခွာလာစဉ် Eagles Army – HPDF နင့် ၃ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

အင်ဒေါင်းကုန်းမှ ပြန်လည် ထွက်ခွာလာစဉ် ပဒေသာမိုင်း ၂ လုံးဖြင့် ပထမအကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကိုးတဲရွာအနီးတွင် Eagles Army – HPDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရကြောင်း Eagles Army – HPDF က သတင်းထုတ်ပြန်သည်။

အလားတူ မော်လိုက်ခရိုက်၊ မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁ ခုက မေလ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဒုရဲအုပ်အပါအဝင် ၃ ဦး သေဆုံးသွားပြီး စခန်းတွင်းရှိ စစ်သားနှင့် ရဲများ ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – Eagles Army – HPDF က ထုတ်လုပ်ထားသော မိုင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article