35 C
Yangon

ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့လယ်ခေါင် ဘားလမ်းကား မှတ်တိုင် ဗုံးပေါက်ကွဲမှု PDF လုပ်သည်ဆိုသော ကြေညာချက် အတုများ ဗုံးကွဲအပြီး မိနစ်ပိုင်းအတွင်း စစ်တပ်ထောက်ခံသူများဘက် က ထုတ်လုပ် ဖြန့်ဝေ

Must read

ရန်ကုန်၊ မေ ၃၁

ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ပြည်သူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဘားလမ်းကားမှတ်တိုင် ဗုံးပေါက်ကွဲမှုကို PDF လုပ်သည်ဟု ရေးသားဖော်ပြထားသော ကြေညာချက်အတုကို စစ်ကောင်စီကို ထောက်ခံသော စစ်လော်ဘီများက ဗုံးကွဲအပြီး မိနစ်ပိုင်းအတွင်း လူမှုကွန်ရက်များတွင် ဆက်တိုက်ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ ၃ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် PDF က လုပ်သည်ဆိုသော ကြေညာချက်အတုကို စစ်ကောင် စီကို ထောက်ခံသော စစ်တပ်လော်ဘီများ၏ တယ်လီဂရမ်များမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ဖြန့်ချိန်လာကြောင်း၊ ကြေညာချက်အတုတွင် 09259533188 ဆိုသော ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။

“ကျနော်တို့ UG တွေ စစ်တပ်ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ပါတယ်။ ကားမှတ် တိုင်လိုနေရာမျိုး တိုက်ခိုက်စရာမရှိပါဘူး။ နောက်တစ်ခုက ကြေညာချက်မှာ ဖုန်းနံပါတ်ထည့်တာမျိုးလည်း မရှိဘူး။ အခု ကြေညာချက်က ဘယ်လောက် ကြိုတင်ကြံစည်ထားလဲဆိုရင် ဗုံးပေါက်ကွဲပြီး မိနစ် ၂၀ အတွင်းမှာ တယ်လီဂရမ်မှာ စဖြန့်တယ်။ အဲဒီမှာပါတဲ့ MPT ဖုန်းနံပါတ်ကိုလည်း ဆက်ကြည့်တယ် ။ ဖုန်းပိတ်ထားတယ်။ ဗုံးခွဲမှုရော၊ ကြေညာချက် အတုရောက စစ်တပ်ဘက် က ကြိုတင်ကြံစည်ထားတာပါ။ ကျနော်တို့ UG အားလုံးဆီကလည်း တစ်သံတည်း ပြောတာက ဒီလို ပြည်သူလူထုကို ပစ်မှတ်ထားတာမျိုး ကျနော်တို့တွေ လုံး၀ (လုံး၀) မလုပ်ဘူး။ အခု ဗုံးကွဲမှုဟာ စစ်တပ်ရဲ့ လက်ချက်ဆိုတာ ပိုသေချာလာနေပါတယ်” ဟု ရန်ကုန် UG တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကလည်း ဘားလမ်းကားမှတ်တိုင် ဗုံးခွဲမှုမျိုးကဲ့သို့သော ပြည်သူကို ပစ်မှတ်ထားသော ဦးတည်သည့် လုပ်ရပ်ကို ရှုတ်ချကြောင်း ၊ စစ်တပ်က PDF နှင့် NUG ကို အပြစ်ပုံချစေရန် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article