35 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ပြည်သူကို ပစ်မှတ်ထားတဲ့ ဘားလမ်းကားမှတ်တိုင်ဗုံးခွဲမှုမျိုး စစ်တပ်က လုပ်ဆောင်နေပြီး PDF ကပဲလုပ်နေ သယောင် ထုတ်ဖော်ပြသမှုမျိုး စစ်ကောင်စီက စနစ်တကျနဲ့ လုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုလိုက်ပါတယ်။
– ပင့်သာရွာသား ကိုစိုးသန့်နဲ့ ဦးညီညီဝင်းတို့ကို အကြမ်းဖက်စစ်တပ်က မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
– မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေးအခြေအနေမှာ အစိုးရအဖြစ် ဘယ်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခ ပိုပြီး မဖြစ်စေလိုတာကြောင့် ဘယ်သူ့ဘက်မှ ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ မင်းအောင်လှိုင်ကို ၀ ပြည်ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစခန်းဘက်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်နေပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းဘက်ကပင်ကြားနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article