28 C
Yangon

ကနီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃ဝ ဦးထက်မနည်း သေဆုံး၊မြောင်တွင်လည်း စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၇ ဦးသေဆုံး၊ မကွေးတွင် စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဒယ်ဆယ်ချောင်းရွာအနီး စစ်ကြောင်းထိုးလာသော အင်အား ၈ဝ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ မေ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၃ ပွင့် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ဝ ထက်မနည်းသေဆုံးခဲ့ကြောင်း Dragon Brothers Task Force – DBTF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော KLG PDF ၊MPDF၊ Dragon Brothers Task Force-DBTF၊Yoma Fighter(Yinmarbin PDF)၊Spring Gurellia Platoon(နွေဦးပျောက်ကြားတပ်စု)၊People Defence Army Yinmarbinနှင့် ဒေသခံ ပကဖအဖွဲ့များ ပူးပေါင်းကာ အချိန် ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ပွင့် စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၃ဝ ဦထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Drone များအသုံးပြုပြီး မိုင်းများချခဲ့ကာ ညီနောင် မဟာမိတ် ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု များပြားခဲ့သောကြောင့် မွန်းလွဲ ၁၂ နာရီခန့်တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်သောကြောင့် ညီနောင်မဟာမိတ် ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့နယ် တမဆေးကန်ရွာအနီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီး ၃ ပွင့် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄) – MSPDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် တမဆေးကန်အရှေ့ရွာမှ အနောက်ရွာသို့ ပြည်လည် ထွက်ခွာလာစဉ် ကျေးရွာ ၂ ရွာကြားအရောက်၌ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄) – MSPDF ဦးဆောင်သော ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များမှ အဖွဲ့နှစ်ဖွဲ့ခွဲကာ နှစ်ဖက်ညှပ်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးခဲ့ကာ ၂ဝ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် အချိန် ၂ နာရီ ကျော်ကြာမြင့် ခဲ့သည့်အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်မျာ လက်နက်အင်အား လျော့ နည်းချိန်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်ခဲ့သောကြောင့် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄)-MSPDFမှ ရဲဘော် ရဲလင်း ကျဆုံးခဲ့ကာ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရောက်ရှိလာပြီး တမဆေးကန်ကျေးရွာ အနီးကို ပစ်ခတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးကြောင်း သိရသည်။

မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သေဆုံးသွားသော စစ်သား ရုပ်အလောင်းများကို တမဆေးကန်အရှေ့ရွာတွင် ဖြစ်သလို မီးရှို့ထားခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင်လည်း ဇရပ်ကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၅၈ လုံးနှင့် တမဆေးကန်အနောက်ရွာမှ ပြည်သူပိုင် နေအိမ် ၄၃ အိမ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄) – MSPDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးမြို့ အထက (၁) ကျောင်း မြောက်ဘက် အပေါက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မေလ ၂၈ ရက်နေ့ ည ၇ နာရီ ၂ဝ မိနစ်ခန့်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း No Chair ပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

ကျောင်းမြောက်ဘက် အပေါက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို No Chair ပျောက်ကြားတပ်ဖွဲ့က ဗုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း No Chair ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – မြောင်မြို့နယ် တမဆေးကန်ရွာတွင် သေဆုံး စစ်သား ရုပ်အလောင်းများကို စစ်တပ်က ဖြစ်သလို မီးရှို့ထားခဲ့ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article