ရန်ကုန်၊ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့မှ ထွက်ခွာလာသည့်ယာဉ်တစ်စီးကို ဇူလိုင်က ၂ ရက်နေ့ နံနက်ပိုင်း စစ်ဆေးရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်ကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းမင်း(ဗိုလ်စက္က) ၊ တဇောက်ကမ်းဘကြမ်း စသည့် PDF တပ်ဖွဲ့သုံးဖွဲ့က စစ်ဆေးခဲ့ကြောင်း ဆက်လက် သိရသည်။
သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများမှာ စကားပြောစက် ၂ လုံး ၊ကွန်ပျူတာနှင့်ပက်သက်သည့် ဆက်စပ်ပစ္စည်းများ ၊ ရဲတပ်ဖွဲ့အသုံးအဆောင် အဝတ်အထည်များစသည့်တို့ဖြစ်သည်။
သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများကို လိုအပ်သလို စီမံသွားမည်ဖြစ်ကြောင်း ၊ ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ရန်သူစစ်ကောင်စီတပ်ဖွဲ့
၊ ရဲတပ်ဖွဲ့ တို့နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်
သည်။
ထို့အပြင် မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းအား သွားလာနေကြသည့် ယာဉ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အချိန်မရွေး ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။