28 C
Yangon

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စွန့်ခွာ ထွက်ပြေးသည့် စစ်သည်နှင့်အရာရှိ ၇ ဦးစာရင်း

Must read

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ထွက်ပြေးသူ အရာရှိနှင့်စစ်သည်များ၏ လစာများကို ထုတ်စားနေကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောမှ ဒုအရာခံဗိုလ် အောင်ကိုမျိုး၊ တပ်ကြပ်ကြီး ရန် ငြိမ်းခန့် ၊ တပ်ကြပ်ကြီး အောင်ကျော်ကျော်ဦး၊ အခတပ်ကြပ်ကြီး ဝေယံလင်း၊ တပ်ကြပ်ကြီး ဝင်းထိုက်အောင်၊ တပ်ကြပ်မင်းမောင်မောင်၊ ဒုတပ်ကြပ်ကြပ် ၀ဏ္ဏကျော်တို ယမန်နှစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ခွင့်မဲ့ပျက်ကွက်နေကြောင်း၊ ယခု အဆိုပါ‌ စစ်သည်နှင့်အရာရှိများအနက်မှ တချိုကို တပ်ပြေး သတ် မှတ်၍ တချိုကို ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်ပြီး ဆက် လက် ရှာဖွေနေကြောင်း၊ လစာများကိုမူ ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ဆက်လက်ထုတ် ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရေငုပ်သင်္ဘော စစ်ရေယာဥ် မင်းရဲသိင်္ခသူရဲ့ တပ်ပြေးတွေ စစ်ရေယာဥ်မှုး က သောက်စားပြီး တပ်ပြေးလစာတွေ လိမ်ယူနေတာ။ သူနဲ့အတူတူသောက်စားနေကြ အရာရှိတွေ ဆို သင်္ဘောကို လာစရာတောင်မလိုဘူးဆိုပြီး လွတ် လွတ် လပ်လပ်နေခိုင်းတယ်။ ကျန်တဲ့သူ စစ်သည်တွေကို အလုပ်ခိုင်းတယ်။ စစ်ရေယာဥ်မှုးက ဗိုလ်မှုးသက် နောင်။ DSA စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်းပါ။ သူနဲ့အတူတူ သောက်စားပြီး ဘောမရင် ဘာအလုပ်မှမခိုင်းဘူး။ သ င်္ဘော အကြောင်းလည်းဘာမှမသိဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယရေတပ်မှ အသုံးပြုပြီးသား ရေငုပ် သင်္ဘော အဟောင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရေတပ်သင်္ဘောအဖြစ် စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article