30 C
Yangon

ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုကီးတမ် ကိုဖမ်းဆီး ပစ်သတ်ပြီး အလောင်းပြန် မပေး

Must read

ရန်ကုန်၊ ဇွန် ၃

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း၌ ဒေသခံ ပြည်သူ ကိုကီးတမ် ကို ဖမ်းဆီး ပစ်သတ်ခဲ့ပြီး မိသားစုများထံ အလောင်း ပြန်မပေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကိုကီးတမ်းသည် ကန်ပက်လက်မြို့ပေါ်၌ ဝက်သွားစဥ် အကြမ်းဖက် စစ်တပ်က လက်ကိုင်ဖုန်းအတွင်း CDF ရဲဘော်များ၏ ဓာတ်ပုံကို တွေ့ရှိသည်ဆိုကာ ဖမ်းဆီး ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဇွန်လ တစ်ရက်နေ့က ကိုကီးတမ်ကို ကန်ပက်လက်မြို့နယ် ထွေအုပ်ရုံးနားမှာ စစ်ခွေးတွေ ဖမ်းသွားတယ်။ ဖုန်းထဲမှာ CDF ရဲဘော် ပုံတွေ ပါလို့ ဖမ်းတယ်လို့ သိရတယ်။ စစ်ခွေးတွေက ကိုကီးတမ်ကို ထွေအုပ်ရုံး ခြံထဲကို ဖမ်းခေါ်သွားပြီး ပစ်သတ်လိုက်တာလို့ သိရတယ်။ မိသားစုတွေကိုလည်း အခုထိ အလောင်းလည်း ပြန်မပေးဘူးလို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကိုကီးတမ် ဖမ်းဆီးခံရချိန်တွင် မိသားစုဝင်များက လိုက်စုံစမ်းခဲ့ကြောင်း၊ အဆင့်ဆင့် စုံစမ်းပြီးနောက် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး အဆင့်ရှိသူနှင့် မိသားစုဝင်များ ဖုန်းအဆက်အသွယ် ရရှိခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ကြီး အဆင့်ရှိသူက ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို ရှင်းပြခြင်း မရှိဘဲ ကိုကီးတမ်ကို ပစ်သတ်လိုက်ပြီဖြစ်ကြောင်း၊ အလောင်းလည်း မြေမြှပ်ဆုတောင်းပေးထားကြောင်းကို လှောင်ပြောင်ပြီး ပြောဆိုခဲ့သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article