29.6 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရန်ကုန်-မန္တလေး မြို့ကြီးတွေမှာ ဓာတ်ဆီ 92 နဲ့ 95 ဝယ်မရတဲ့ အထိ ဖြစ်နေပြီး ညအချိန်အထိ တိုးကြိတ်ဝယ်နေရတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်မှာ ကျောင်းဖွင့်ပွဲ ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ တွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဇွန်လ ၂ ရက်နေ့မှာ လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
-စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ ပြည်သူ့ အားကစားကွင်းအနီးမှာ ဇွန်လ ၃ ရက်နေ့ က မိုင်းရှင်းနေတဲ့ စစ်ကောင်စီတပ်သား ၄ ဦးအဖွဲ့ကို ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (CHU-PDF) က မိုင်းခွဲ တိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။
– မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာဖမ်းမိထားတဲ့ အရပ်သားဝတ် နဲ့ ခမရ ၉ က စစ်ကောင်စီ ရုရှားပြန် ဗိုလ်ကြီးကျော်ဇင်လတ် ဆိုသူကို တပ်ကြပ်ကြီးတစ်ဦးကို KNU ဆီကိုအပ်လိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article