30.5 C
Yangon

ကရင်နီတွင် လက်နက်နှင့်တကွ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီး ၁ ဦးကို ပြည်သူ့ရင်ခွင်အဖွဲ့က URF နှင့် ပူးပေါင်းက ညတွင်းချင်း ချိတ်ဆက် ကယ်ထုတ်နိုင်

Must read

ရန်ကုန်၊ ဇွန် ၅

ကရင်နီတွင် လက်နက်နှင့်တကွ CDM ပြုလုပ်လိုသည့် တပ်ကြပ်ကြီးစာရေးတဦးကို ပြည်သူ့ရင်ခွင်အဖွဲ့က မြို့ပြတော်လှန်ရေးတပ်ဦးနှင့် ချိတ်ဆက်ကာ ညတွင်းချင်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တပ်ကြပ်ကြီးသည် ဇွန်လ ၂ ရက်နေ့ ည ၁၀ နာရီတွင် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်လာခြင်းဖြစ်ပြီး ညတွင်းချင်းဆောင်ရွက်ကာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့ပြတော်လှန်ရေးတပ်ဦး URF အဖွဲ့ထံ ခိုလှုံရောက်ရှိလာကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က သတင်းထုတ်ပြန်ထားသည်။

“”မနေ့ညက တပ်ကြပ်ကြီးစာရေး MA 3 တစ်လက်၊ ကျည်ဘောက် ၃ခု၊ ကျည် ၇၅တောင်၊ လက်ပစ်ဗုံး၂လုံးနဲ့ လွတ်မြောက်ကို ချောချောမွေ့မွေ့ ရောက်လာပါပြီ၊ URF (Urban Revolutionary Front) အဖွဲ့မှာ ခိုလှုံလိုက်တာပါ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလိုသူများအနေဖြင့် လိုအပ်သည့်အချိန်တွင် ပြည်သူ့ရင်ခွင် (People’s Embrace) အဖွဲ့ကို ဆက်သွယ်ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article