29 C
Yangon

ရေနံနဲ့သဘော၀ဓာတ်ငွေ့ကရရှိနေတဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း၂၅၀နဲ့ မြန်မာပြည်သူကို သတ်ဖြတ်မယ့် စစ်တပ်ကို ဘယ်လိုတားဆီးမလဲ

Must read

By Blood Money Campaign

တော်လှန်ရေးကာလ တစ်နှစ်ကျော်လာချိန်အထိ စစ်အုပ်စု ခေါင်းထောင်ပြီး လူသတ်သမားတွေလုပ်နေနိုင်တာဟာ MOGEမှ အဓိက ဝင်ငွေရရှိနေခြင်းကြောင့်ဖြစ်တယ်။

MOGE ရဲ့တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ လောက် ရရှိပြီး အဲဒီ ဝင်ငွေတွေအကုန်လုံး ကို စစ်အုပ်စုက လက်နက်တွေကို စိတ်ကြိုက်ဝယ်ယူနေခြင်းဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရဲ့ နိုင်ငံခြားဝင်ငွေရရှိတဲ့ကဏ္ဍတွေထဲမှာ MOGEက ၇၀ ရာခိုင်နှုန်း နီးပါးကို စစ်အုပ်စုအတွက် ရှာပေးနေတာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ လကုန်လောက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပတို့က MOGE အပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေပြုလုပ်ပေးဖို့အတွက် ပြည်သူလူထု အင်အားစုပေါင်းပြီး လှုပ်ရှားတောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ် ။

ဒီလိုလှုပ်ရှားမှုတွေရဲ့ နောက်မှာ အောင်မြင်မှုရ လဒ်တစ်ခုအနေနဲ့ Total ကုမ္ပဏီနဲ့ Chevron ကုမ္ပဏီတို့ မြန်မာနိုင်ငံက ထွက်ခွာတော့ မယ်လို့ အတည်အလင်းကြေညာလိုက်ပါတယ်။

ဒီလိုကြေညာမှုပြုလုပ်ပြီးတစ်လအတိ ကြာတဲ့ အခါမှာတော့ ဉရောပသမဂ္ဂ EUအနေနဲ့ စီးပွားရေးဒဏ်ခတ်အရေးယူပိတ်ဆို့ ထပ်မံပြုလုပ်ခဲ့ပါတယ်။

EU ရဲ့ပိတ်ဆို့အရေးယူမှုမှာပါတဲ့အချက်တွေကတော့ ပြင်သစ်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ MOGEဘဏ်အကောင့်ထဲကို မည်သည့်ပိုက်ဆံမှ ပေးခွင့်မရှိတော့ခြင်း၊ ရှယ်ယာများကို MOGEသို့ လွှဲပေးခွင့်မရှိတော့ခြင်း၊ လုပ်ငန်းလည်ပါတ်ရန်မည်သည့်အချက်အလက်ကိုမှ စစ်အုပ်စုလက်ထဲသို့ထည့်ပေးခွင့်မရှိတော့ခြင်း၊ နောက်ဆုံး ဉရောပ ရေနံကုမ္မဏီအသစ်များမြန်မာနိုင်ငံကို ဝင်ရောက်လာခွင့်မရှိတော့ခြင်းဆိုပြီးတော့ပါဝင်ခဲ့ပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေဟာ စာသားသက်သက်သာ ဖြစ်ခဲ့ပြီးတော့ နောက်ကွယ်မှာ ကင်းလွတ်ခွင့် ဆိုတဲ့ အချက်နှစ်ချက်ပါဝင်လာခဲ့ပါတယ်။

ဒီကင်းလွတ်ခွင့်တွေကတော့ Total ကုမ္ပဏီအနေနဲ့ MOGEရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန် ဒေါ်လာသန်းပေါင်း ၂၅၀ ထည့်သွင်း ပေးခွင့်ရှိတယ်ဆိုတဲ့အချက်နဲ့ MOGE ရှယ်ယာတွေ လွှဲပေးခွင့် ရှိတယ်ဆိုတဲ့အချက်တို့ ပဲဖြစ်ပါတယ်။

Total ကပေးဆောင်မယ့် အမေရိကန်ဒေါ်လာ သန်း၂၅၀ ဆိုတဲ့ပိုက်ဆံဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ဉီး တစ်ယောက်ချင်းစီကို ကျည် ၈တောင့်နဲ့ ပစ်လို့ရတဲ့ပိုက်ဆံ ပဲဖြစ်ပါတယ်။

တကယ်လို့ အဲ့ဒိပိုက်ဆံတွေနဲ့ တိုင်းရင်းသားဒေသတွေမှာစစ်ထိုးနေတဲ့ တိုက် လေယာဉ်တွေဝယ်ယူမယ်ဆိုရင် တိုက်လေယာဉ် စုစုပေါင်း ၁၇စီးခန့် ဝယ်ယူလို့ရမယ့် ပိုက်ဆံပါ။ ဒီပိုက်ဆံတွေသာစစ်အုပ်စု လက်ထဲရောက်သွားရင် ပြည် သူလူထုကို သတ်ဖို့အတွက်ပေးလိုက်တယ်ဆိုတဲ့ သဘောတရားနဲ့ တူတူပဲဖြစ်ပါတယ်။

သေချာပေါက်ဒီပိုက်ဆံတွေဟာ စစ်အုပ်စုလက်ထဲရောက်သွားမယ်ဆိုရင် ပြည်သူလူထုကို သတ်မယ့် ပိုက်ဆံတွေဖြစ်သွားပါလိမ့်မယ်။ ဒါဟာ အတော်လေးကို အန္တာရယ် ကြီးတဲ့ကိစ္စပဲဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ ဒီစစ်အုပ်စုရဲ့ လက်ထဲကို ဒီသွေးစွန်းငွေတွေရောက်မသွားဖို့ ပြည်သူလူထုက ဝိုင်းဝန်းတားဆီးတောင်းဆိုရမှာပဲဖြစ်ပါတယ်။

အဲဒီအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝငွေလုပ်ငန်း MOGEအပေါ်ကို အရေးယူပိတ်ဆို့ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူလူထု တစ်ဉီးတစ်ယောက်ချင်းစီလက်မှတ်ထိုးပါဝင်ဖို့ အလွန်အရေးကြီး ပါတယ်။

၈၈က မပိတ်နိုင်ခဲ့တဲ့ ဒီသွေးစွန်းငွေ ပေါက်ကြီးကို ၂၁ နွေဉီးတော်လှန်ရေးမှာ အပြီးပိုင်ပိတ်ပစ် ဖို့ပြည်သူလူထုအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အရေးတော်ပုံ မုချအောင်ရမယ်။

ဒါကြောင့်မို့လို့ ငွေသွေးစွန်းငွေ ဖြတ်တောက်ရေးလူပ်ရှားမူ့မှာ လူထု ပါ၀င်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အရေးတော်ပုံ မုချ အောင်ကို အောင်ရမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article