30.5 C
Yangon

မြင်းမူမြို့နယ်၊ ကံဖျားရွာသား ၄ ဦးကို စစ်တပ်က ကွင်းပြင်ထဲ ပြေးခိုင်းပြီး နောက်မှလိုက်လံ ပစ်ခတ်သတ်ဖြတ်၊ အခြားပြည်သူ ၁ ဦးကိုလည်း စစ်တပ်က လင့်စင်ပေါ်က ကန်ချကာ ပစ်သတ်၊ ကံဖျားရွာမှ အမျိုးသမီးအများစုကို စစ်တပ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၆ ရက် နေ့ မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်တွင် အင်အား ၈ဝ ကျော်ဖြင့် ဝင်ရောက် စီး နင်းခဲ့ပြီး ကျေးရွာသား ၄ ဦးကို ကွင်းပြင်ထဲ ထွက်ပြေးခိုင်းက စစ်တပ်က ပစ်သတ်သွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကံဖျားရွာသို့ ရောက်ရှိလာစဉ် ကျေးရွာနေ လူငယ် ၄ ဦးကို ဖမ်းဆီးပြီး ကွင်းပြင်ထဲသို့ ထွက်ပြေးခိုင်းကာ လိုက်လံ ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအတွင်း ရပ်ထားသော ဒေသခံပြည်သူများ၏ ဆိုင်ကယ်များကို စစ်တပ်က ယူဆောင်ရန် ကျေးရွာအတွင်း ဆိုင်ကယ်သော့ လိုက်လံတောင်းစဉ် ဆိုင်ကယ် တစ်စီးပေါ်၌ လက်လုပ်သေနတ် တစ်လက် တွေ့မြင်ကြောင်း၊ ထို့ကြောင့် ပိုင်ရှင်ကို လိုက်လံရှာဖွေစဉ် လင့်စင်ပေါ်၌ ပုန်းအောင်းနေသည့် အမျိုးသား ၁ ဦးကို တွေ့ရှိသဖြင့် လင့်စင်ပေါ်မှ စစ်တပ်က ကန်ချကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။

“မနေ့ ဇွန်၆ ရက်နေ့မနက်ပိုင်းကစပြီး ရွာကို အကြမ်းဖက်စစ်တပ်တွေ ဝင်လာပြီး ရွာကစစ်ရှောင်ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို မီးရှို့တယ်။ ရွာသား၄ဦးကိုလည်းပစ်သတ်တယ်။ ဘုရားမှာရှိတဲ့စစ်ရှောင်တွေရဲ့ပစ္စည်းတွေနဲ့ဘုရားတန် ဆောင်းတွေပါ မကျန်အားလုံးမီးရှို့လိုက်ပါတယ်။ ဘုရားပဲကျန်တယ်။ ရွာမှာရှိသမျှလူအားလုံးရဲ့ဖုန်းတွေကိုလည်းသိမ်းထားပါတယ်။ ခုချိန်ထိဆက်သွယ်လို့မရသေးပါ။ ဒီနေ့မနက်မှာလည်းအင်အားတွေထပ်ဖြည့်လာတယ်။ သူတို့က တော့ရွာထဲကလူမရှိတဲ့အိမ်တွေမှာနေပြီး အိမ်ဆိုင်တွေကပစ္စည်းတွေယူပြီးရွာထဲမှာကျန်ခဲ့တဲ့လူတွေကိုချက်ပြုတ်ခိုင်းပြီးစားသောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်က ကံဖျားရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းထဲ၌ ကျေးရွာနေ ပြည်သူ အများအပြားကို ဖမ်းထားပြီး ဖမ်းဆီးခံထားရသူ အများစုသည် အမျိုးသမီးများဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန် ကြားရေး အဖွဲ့ထံမှ သိရသည်။

ကန်ဖျားရွာတောကျောင်း မြတ်စောညီနောင် ဘုရား အာရုံခံ တန်ဆောင်း ၊ တော ရကျောင်းနှင့် ဘုရား ပတ်လည်ရှိ တောတဲများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စေတီ တစ်ဆူသာ မီးမလောင်ဘဲ ကျန်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article