33 C
Yangon

စစ်ကောင်စီ၏ အကြမ်းဖက်ရာဇဝတ်မှုများကို အရေးယူအပြစ်ပေးရန်နှင့် ကြားကာလ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ရန် NUG က ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

Must read

ရန်ကုန်၊ ဇွန် ၇

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးနိုင်ရန်နှင့် ကြားကာလ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ လက်မှတ်ထိုး ထုတ်ပြန်သည်။

ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတရပ်လုံး ယုံကြည်လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ‘ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ’ နှင့်အညီ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article