29.6 C
Yangon

Khit Thit သတင်းဌာန၏ ဇွန်၇ ရက် နေလယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၇ ရက် နေလယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ် ၁ ရပ်ကွက်၊ ရွှေတောင်ရဲစခန်းက ရဲတပ်သား မြင့်အောင် ဟာ ဇွန်လ ၃ ရက်နေ့က CDM ပြုလုပ်ပြီး ၊ Justice soldiers PDF အဖွဲ့ဆီကို အလင်းဝင် လာတယ်လို သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က မေလ ၁၉ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ ၁၄ ရက်တာအတွင်း ကျေးရွာ ၁၁ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ပြည်သူပိုင်နေအိမ် ၁၈၂ လုံး ပြာကျခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ ဆီကနေ သိရပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စင်းစယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကား ၂ စီးနဲ့ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဝင်ရောက်လာပြီး ၊ တန်ဖိုးရှိပစ္စည်းတွေ ၊ ရိက္ခာတွေကို ခိုးယူတဲ့အပြင် ၊ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article