30.5 C
Yangon

ရွှေဘိုမြိုန့ယ် တအုံကျေးရွာကို စစ်တပ်က ဝင်စီးပြီး ပြည်သူ ၅ ဦးကို ပစ်သတ်၊ ကလေးငယ်များအပါ အဝင် အများအပြား ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ ဇွန် ၉

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက် တအုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဝင်များက ယနေ့ ဇွန် ၉ ရက်နေ့ နံနက် အစောပိုင်း ရွာထဲ ဝင်ရောက် သောင်းကျန်းပြီး ပြည်သူ ၅ ဦးကို ပစ်သတ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ရွာသား အများအပြားကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“စခ အင်အား ၂၀၀ ဝန်းကျင်လောက် ဝင်မွှေနေပါတယ်။ ရွာသား ဒလန် ဗိုလ်အောင်ဒင် ဦးဆောင်နေတာပါ။ ရွာသူရွာသားတချို့ ထွက်ပြေးလွတ်မြောက်ပေမယ့် မပြေးလိုက်ရတဲ့ သူတွေ အကုန်လုံးဖမ်းခံထားရပါတယ်။ အမျိုးသမီး ကလေးလူကြီး အကုန်ပါတယ်ဗျ။ ထွက်မပြေးတဲ့ အစိမ်းထောက်ခံသူတွေရော အကုန်ဖမ်းထားတာ။ ပစ်သတ်ခံရသူ ၅ ဦးမှာ ကိုအောင်ဆန်းက အထုပ်တွေနဲ့ ပြေးဖို့ ထွက်အလာ သူတို့က တွေ့ပြီး ချက်ချင်းပစ်သတ်တာ ။ ကျန်တဲ့ လူတွေက ဘယ်လို သတ်လဲ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်နေ့ကလည်း တအုံ ကျေးရွာတွင်း ဝင်ရောက်ပြီး ရွှေနှင့် ပိုက်ဆံများ ခိုးယူသွားခဲ့ကြောင်း၊ ရွာတွင် ပရဟိတ လုပ်သူ ကိုကြည်မြ ဆိုသူ အမျိုးသား တစ်ဦးကို သင်္ချိုင်းကုန်းထဲ လက်ပြန်ကြိုးတုပ် သတ်ထားခဲ့ပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်သွားသေးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article