30 C
Yangon

အာဆီယံက မြန်မာအကြမ်းဖက် စစ်တပ်ကို ADMM အစည်းအဝေးများမှတဆင့် တရားဝင်မှု ပေးနေခြင်းလား

Must read

ရန်ကုန်၊ ဇွန် ၂၀

အာဆီယံရဲ့ကာကွယ်ရေးကဏ္ဍမှာ မြန်မာစစ်တပ်အဖွဲ့ဝင်တွေ တောက်လျောက်ပါနေပြီး အဲဒီလို ပါဝင်ခွင့်ရနေ တာတွေကြောင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အတင့်ရဲရဲနဲ့ တရားဝင် ကျုးလွန်နေတာ ဖြစ်ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို မနက်ဖြန် ဇွန်လ ၂၁ ရက်နေ့မှာ ထပ်မံကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒါ့ကြောင့် အရေးတကြီး ဖိအားမပေးနိုင်ခဲ့ရင် အဆိုပါအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး မြထွန်းဦး တက်ရောက်မှာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ADMM နဲ့ ၎င်းရဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတာဟာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံအပေါ် ၎င်းတို့သဘောတူချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ကို အားနည်းပျက်ပြားအောင် စနစ်တကျ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ADMM ရဲ့ ပြက္ခဒိန် မှာ အစီအစဉ် ၃၈ ခု ရှိခဲ့ကြောင်း စာရင်းဖော်ပြထားပြီး ADMM ရဲ့ အစီအစဉ်အားလုံးမှာ မဟုတ်ခဲ့ရင်တောင် အစီအစဉ်အများစုမှာ တရားမ၀င်စစ်ကောင်စီက ပါဝင်ခဲ့ဖွယ် ရှိပါတယ်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘရူနိုင်းနိုင်ငံကလည်း နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာ ရမယ့်အစား ”စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ နက်ရှိုင်းစေဖို့ အာဆီယံစစ်ရေးလေ့ကျင့်မှု အစီအစဉ် ထူထောင်စို့ “ ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့ပါတယ်။

စက်တင်ဘာလ ချင်းပြည်နယ်မှာ မြန်မာလေတပ်က တရားလက်လွတ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် နေတဲ့ကာလမှာ ထိုင်းနိုင်ငံက ဦးဆောင်တဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံမှာ စစ်ရာဇဝတ်ကောင် လေတပ်ဗိုလ်ချုပ် မောင်မောင်ကျော် တက်ရောက်ခွင့် ရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ အာဆီယံတပ်မတော် စစ်ဦးစီးချုပ်များ ဘက်စုံအစည်းအဝေးကို တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ခေါင်းဆောင် စစ်ရာဇဝတ်ကောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ စိုးဝင်းက စစ်တပ်ရဲ့ ကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေးမှာပါခဲ့တဲ့ အခန်းကဏ္ဍကို ဦးဆောင် ဆွေးနွေးခဲ့ပြီး ခုလိုပါခွင့်ရတာကို အာဏာသိမ်းကြိုးပမ်းမှု ဆယ်လတာအတွင်း အောင်မြင်မှုမှတ်တိုင်အဖြစ် ဝါဒဖြန့်ခဲ့ပါသေးတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ အကြမ်းဖက်စစ်တပ်က Covid-19 ကို လက်နက်သဖွယ် အသုံးချခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တနင်္သာရီ ပြည်သူ့အသံက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် အဆက်ဖြတ် ကန့်သတ်ပိတ်ဆို့ တာတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ချက်တွေ၊ ညအချိန်မတော် စီးနင်းမှုတွေကို Covid-19 အတွက်လုပ်တာလို့ ဆင်ခြေပေး အသုံးပြုခဲ့တာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စိုးဝင်းကို အခုလို နေရာတစ်ခုပေးလိုက်ခြင်းက အာဆီယံစစ်တပ် အကြီးအကဲတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း လျစ်လျုရှုလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာလည်း ADMM မှာ မြန်မာစစ်တပ်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ဆက်လက်ရှိနေခဲ့ပြီး၊ ADMM ရဲ့ လက်ရှိဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Tea Banh ဟာ ဟွန်ဆန်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဗိုလ်ချုပ်တစ်ဒါဇင်“ Dirty Dozen” စာရင်းဝင် ဗိုလ်ချုပ်တွေထဲက တစ်ယောက်အဖြစ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖော်ထုတ်ထားပါတယ်။

အခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်တပ် ကိုယ်စားလှယ်တွေ အာဆီယံကာကွယ်ရေးကဏ္ဍ အကြီးတန်း အရာရှိများ အစည်းအဝေး တက်ရောက်ဖို့ ကမ္ဘောဒီးယားကို သွားခဲ့ပါတယ်။ မတ်လမှာတော့ အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးနဲ့ အာဆီယံ စစ်ဆင်ရေးအစည်းအဝေးတွေကို ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

စစ်တပ်ရဲ့ နစကကောင်စီ တွဲဖက်အတွင်းရေးမှူးနဲ့ စစ်တပ်လုံခြုံရေး ထောက်လှမ်းရေးအကြီးအကဲ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက အာဆီယံစစ်ထောက်လှမ်းရေးအကြီးအကဲတွေနဲ့ “အာဆီယံ စစ်ထောက်လှမ်း ရေးအသိုက်အဝန်း” ထူထောင်ဖို့ ရည်ရွယ်ချက်ဆိုးနဲ့ လူကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချိရေး အစီရင်ခံစာမှာ ရဲဝင်းဦးက “အကြမ်းဖက်သမားတွေ“ လူသစ်စုဆောင်းဖို့၊ သဘောတရားရေးရာ သွတ်သွင်းဖို့၊ တိုက်ခိုက်ကြဖို့အတွက် ဆိုရှယ်မီဒီယာကို ဘယ်လို အသုံးပြုကြတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။

အဆိုပါ အစည်းအဝေးကနေ ဒီမိုကရက်တစ် ဇာတ်ကောင်တွေ အဖွဲ့အစည်းတွေကို အကြမ်းဖက်မြန်မာ စစ်တပ်က အကြမ်းဖက်တွေအဖြစ် သတ်မှတ်တိုက်ခိုက်မဲ့ အစီအစဉ်တွေကို အားပေးကူညီကြဖို့နဲ့ ပူးပေါင်းကြဖို့ အကြံပြုကြောင်း ပြောသွားတာ တွေ့ရတယ် လို့ဆိုပါတယ်။

မတ်လမှာပဲ မြန်မာစစ်တပ် စစ်ဦးစီးချုပ်ဗိုလ်ချုပ်မောင်မောင်အေးက ဗီယက်နမ်ပြည်သူ့ တပ်မတော် (VPA) စစ်ဦးစီးချုပ်၊ ဗီယက်နမ် ဒုတိယကာကွယ်ရေးဝန်ကြီးတို့နဲ့ နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့ပါသေးတယ်။ ဗီယက်နမ်ရဲ့ တရားဝင်အကောင့်တစ်ခုအရ မောင်မောင်အေးက “VPA နဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်းနဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးပါ့မယ်” လို့ ကတိပြုခဲ့ကြတာပါ။

မြန်မာစစ်တပ်အတွက် ဗီယက်နမ်ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့နည်းပညာတွေ ဝယ်ယူတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းနဲ့ ပူးပေါင်းပြီး မိုဘိုင်းကွန်ရက် Mytel မှာ အဓိကရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးမီက ADMM ရဲ့ တွေ့ဆုံမှုတွေက မြန်မာစစ်တပ်ကို ၀င်ငွေနဲ့ ပံ့ပိုးမှုအသစ်တွေ ရရှိဖို့ ကူညီပေးနေတာဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုက ရာဇဝတ်မှုတွေ ကျုးလွန်နေပြီး ရုရှားက ယူကရိန်းကို ရန်စကျုးကျော်နေတဲ့ ဧပြီလမှာ ရုရှားအရာရှိတစ်ဦးနဲ့ အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးတို့ အမေရိကန်၊ ဩစတြေးလျနဲ့ နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးဌာနတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့အတူ ADSOM-Plus အလုပ်အဖွဲ့မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ADMM ၂၀၂၂ လုပ်ငန်းအစီအစဉ် ပြက္ခဒိန်ဇယားမှာ အကြမ်းဖက်မြန်မာ စစ်တပ်ကို တရားဝင်မှုပေးတဲ့ အစီအစဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာစွမ်းရည်တွေ အားကောင်းစေမဲ့ အခွင့်အလမ်းတွေ ခင်းကျင်းပေးထားတာဟာ မြန်မာလူထုအပေါ် အကြမ်းဖက်လှုံ့ဆော်မှုတွေကို ပံ့ပိုးပေးနေကြတာ ဖြစ်ပါတယ်။

Justice For Myanmar က ASEAN နဲ့ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ကာကွယ်ရေးလုပ်ငန်းအဖွဲ့ရဲ့ ဦးဆောင်မှုကနေ ဖယ်ရှားခြင်းအပါအဝင် အစည်းအဝေးတွေနဲ့ ပူးပေါင်းလှုပ်ရှားဆောင်ရွက်နေမှုတွေ အားလုံးက ချက်ချင်းဖယ်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့ကြောင့် မနက်ဖြန် ဇွန်လ ၂၁ ရက်မှ ၂၂ ရက်အထိ ဖနွမ်းပင်မှာ ကျင်းပမဲ့ ADMM အစည်းအဝေးကနေ အကြမ်းဖက် မြန်မာစစ်တပ်က ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ထုတ်ပယ်ရမှာ ဖြစ်ပြီး၊ ASEAN အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယခုပြုလုပ်မယ့် ADMM အစည်းအဝေးမှာ အကြမ်းဖက် စစ်တပ်ပါဝင်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article