38 C
Yangon

ပြင်သစ်အစိုးရအား တိုက်ရိုက်တောင်းဆိုသောပူးတွဲကြေညာချက်အား မြန်မာအပါအဝင်နိုင်ငံပေါင်း၂၀မှ အရပ်ဖက်အဖွဲ့အစည်း(၄၅၉)ဖွဲ့ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၀

ဉရောပသမ္မဂမှ စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်းသို့ ချမှတ်ခဲ့သော စီးပွားရေးဒဏ်ခတ်မှုပါ ကင်းလွတ်ခွင့်အား ပြင်သစ်ရေနံကုမ္မဏီတိုတယ်အား အသုံးပြုခွင့်မပေးရန် ပြင်သစ်အစိုးရထံ နိုင်ငံပေါင်း ၂၀မှ အရပ်ဖက်အဖွဲ့အစည်း (၄၅၉) ဖွဲ့တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်စောင် ဇွန်လ ၂၀ရက်နေ့တွင် သွေစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်သည်မြန်မာနိုင်ငံမှ လာမည်ဇူလိုင်လ၂၀ရက်နေ့တွင်မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်ပြီး မထွက်ခွာမီ ၆လစာအမြတ်ငွေအဖြစ် စစ်ကောင်စီအား အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၅၀) လွှဲခဲ့ဖို့ရှိပါသည်။ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဥရောပသမ္မဂမှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်းသို့ ချမှတ်ခဲ့သော စီးပွားရေးဒဏ်ခတ်မှုတွင် ကင်းလွတ်ခွင့်ဆိုသောအချက်ပါဝင်နေပါသည်။ ကိုကင်းလွတ်ခွင့်အရ တိုတယ်ကုမ္ပဏီသည် စစ်ကောင်စီကို အမေရိကန်ဒေါလာသန်း၂၅၀ လွှဲခဲ့ရန် ၎င်းတို့နိုင်ငံ၏အစိုးဖြစ်သော ပြင်သစ်အစိုးရခွင့်ပြုချက်ရမှ လွှဲခွင့်ရှိမည်ဟု ကင်းလွတ်ခွင့်တွင်ပါရှိပါသည်။

အမေရိကန်ဒေါ်လာသန်းပေါင်း (၂၅၀) သာစစ်ကောင်စီ လက်ထဲရောက်သွားရင် တော်လှန်ရေးမှာပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပြီး ပြည်သူတွေပိုပြီးသေကြေမည်ဖြစ်သောကြောင့် ထိုကြေညာချက်ထုတ်ပြီး ပြင်သစ်အစိုးရကိုတောင်းဆိုခြင်းဖြစ်သည်ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဉီးမှ ပြောပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article