33 C
Yangon

NUG ကဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေဟု အမိန့်ကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နှင့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေဟု အမိန့်ကြေညာချက်ထုတ်ပြန်သည်။

NUG အစိုးရ၏ ကြေညာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ငွေကြေးစီးဆင်းမှုစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြား လွတ်လပ်၍ လုံခြုံစိတ်ချရသော ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK-Digital Myanmar Kyat) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်သည်။

၂။ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat)နှင့် တွဲဖက်အသုံးပြုရမည့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်သည်။

၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း(၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article