35 C
Yangon

လက်ပံတောင်းကြေးနီစီမံကိန်းသို့ ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ် တာဝါတိုင် ဖောက်ခွဲခံရမှု တရုတ်ဝမ်ပေါင်ကုမ္ပဏီ ရှုတ်ချ၊ လက်ရှိ ပဋိပက္ခတွင် ဝမ်ပေါင်က ပါဝင် ပတ်သက်လိုခြင်းမရှိဟုဆို 

Must read

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို ရှုတ်ချကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်လိုက်ပြီး လက်ရှိ ပဋိပက္ခတွင် ဝမ်ပေါင်အနေဖြင့် ပါဝင် ပတ်သက်လိုခြင်းမရှိကြောင်း ဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်ပြောဆိုသည်။ 

လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင် ကုမ္ပဏီ၏ လက်ပံတောင်းစီမံကိန်းတွင် ဗုံးကျရောက်ကာ ဗို့အားမြင့်ဓာတ်အားပြင်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံ ရခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း၊ စီမံကိန်းအတွင်းရှိ ဝန်ထမ်းများ အသက် လုံခြုံကို ရေး အလေးမထားခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံ ရမှုသည် စီမံကိန်းအနီးအနားဒေသ လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက် စေခြင်းသာ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

သတ္တုတွင်းထုတ်လုပ်မှုစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရပ်ဆိုင်းထားပြီး စက်ရုံထိန်းသိမ်းရေး၊ကုမ္ပဏီဝန်ထမ်းများနှင့် စီမံကိန်းပတ် ဝန်းကျင် အကျိုးဖြစ်ရေးသာ ငွေကြေးရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာဝန်ထမ်း အချို့မှာ ၎င်းတို့၏ သဘောဆန္ဒအရ သတ္တုတွင်းဧရိယာတွင် နေထိုင် နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကိုတိုက်ခိုက်မှုသည် မြန်မာဝန်ထမ်းများ အတွက် ဝင်ငွေ ဆုံးရှုံးမှု ဖြစ်စေပြီး လျှပ်စစ်တာဝါတိုင်ပျက်စီးမှုကြောင့်စီမံကိန်း အနီးအနားဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက်စေ သည်ဟု ဝမ်ပေါင်က ဆိုသည်။ 

လက်ရှိအချိန်တွင် စီမံကိန်းမှာ ၁၆ လကျော်ကြာ ရပ်ဆိုင်းသွားခဲ့ပြီး ဝန်ထမ်း အများစုကို  အခြေခံလစာ ပေးထားကြောင်း၊  တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် လက်ရှိ ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်လိုခြင်းမရှိဘဲ ကျေးရွာများထိခိုက် ဆုံးရှုံး မှု မရှိဘဲ လက်နက်ကိုင်အဖွဲ့များနှင့် လက်နက်မဲ့ အဖွဲ့များအနေဖြင့် စီမံကိန်း ဝန်ထမ်းများကိုအသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေး ဝမ်း ကျောင်း ပြုပိုင် ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခွင့် လေးစားပေးရန် တောင်းဆို ကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

တရုတ်ဝမ်ပေါင်နှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်းဆောင်ရွက်နေသော လက်ပံ တောင်း တောင် ကြေးနီစီမံကိန်းကိုရပ်ဆိုင်းရန်နှင့် စစ်တပ်၊ ရဲများကို ပံ့ပိုး ကူညီ ခြင်းများ မလုပ်ဆောင်ရန် PDF မဟာမိတ်တပ်ပေါင်းစုက တရုတ်ဝမ်ပေါင် ကို သတိပေးခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် လိုက်နာခြင်းမရှိ သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆားလင်းကြီး အခြေစိုက် LPDF များ၏ အဆိုအရ သိရှိရသည်။ 

ဓာတ်ပုံ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွင်းရှိ ဝန်ထမ်းအိမ်ရာ နှင့်ရုံးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article