35 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့် ချခြင်းနှင့် ပြည်သူ လူထုကို အနိုင်ကျင့်နေတာတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးတွေကို Justice Lady Mission စစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေပြီလို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ က ကြေညာလိုက် ပါတယ်။

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိင် ဖွဲစည်းခိုင်းတဲ့ ပြည်သူ့လုံခြုံရေးအဖွဲတွေကို နိုင်ငံ တစ်ဝန်းမှာ အခု ဇွန်လကုန် အပြီး ဖွဲစည်းဖို ပြည်ထဲရေးက ညွှန်ကြားထားတယ်လိုသိရပါတယ်။
  • မွန်ပြည်နယ်၊ ရေးမြိုနယ် ၊ အစင်-ကျေးရွာထိပ် တံတားမှာ ငွေကြေးတောင်းခံ နေတဲ့ စစ်ကောင် စီလက်အောက်ခံ ပျူစောထီးနဲ့ ပြည်သူ့စစ် ၅ ဦးကို ရေဘီလူး အဖွဲက ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ် ရှင်းလင်းခဲ့ပြီး ၊ လက်နက် ၃ လက်ပါ သိမ်းဆည်းနိုင်ခဲ့တယ်လို ရေးဘီလူးအဖွဲကနေ သိရပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ တုံကျေးရွာသစ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာသား ကိုပေါက်စ နဲ့ ကိုကျင်ဝှက်ဆိုသူ ၂ ဦးကို ဖမ်းဆီး သတ် ဖြတ်ခဲ့တဲ့အပြင် ၊ အကြမ်းဖက်စစ်ကောင်စီတပ်က ဖွက်ထားခဲ့တဲ့ အလောင်း ၂ လောင်းကို ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လည် ရရှိတဲ့အတွက် သဂြိုလ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကိုတင်ဆက်ပေးပါမယ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article