30 C
Yangon

ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော်ဝင်း လိုက်ပါသော ကား ဗုံးပစ်ခံ ရပြီး မြို့မ ရဲစခန်း ရှေ့တွင်လည်း ဗုံးပစ်တိုက်ခိုက်မှုဖြစ်၊ စစ်တပ်နှင့်ရဲက ရမ်းသမ်း ပစ်ခတ် ဆဲဆိုသောင်းကျန်း ဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းရှေ့နှင့် ဆက်သွယ်ရေးရုံး အနီးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော် ဝင်း လိုက်ပါလာသော ကား ဗုံးပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန် ရေစကြိုမြို့အဝင်လမ်း ဆက်သွယ် ရေးရုံးအနီးတွင် ရေစကြိုမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ၂ ကျော်ဝင်း လိုက်ပါ သော ကားကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ အလားတူ ရေစကြို မြို့မ ရဲစခန်းရှေ့တွင် စစ်တပ်နှင့်ရဲများ ပူးပေါင်း အဖွဲ့ကိုလည်း ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

“ဗုံးပစ်တိုက်ခိုက်မှုဖြစ်တယ်။ ဒီမနက် ၈ နာရီကျော်ကျော်အချိန်မှာ ဖြစ်တာ။ ပြီး တော့ သေနတ်နဲ့ပစ်ခတ်သံတွေကြားရတယ်။ အခု ရပ်ကွက်တွေထဲကို လိုက် ပြီး ရဲနဲ့စစ်သားတွေ ဆဲဆို တစ်အိမ်တက်ဆင်း စစ်ဆေးနေတယ်။ အိမ် တံခါး ပိတ် ပြီး အခြေအနေကို နားစွင့်နေရတယ်” ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

ရေစကြိုမြို့နယ်သတင်းပြန်ကြားရေး ကော်မတီအဖွဲ့ကလည်း ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိသည်ဟု သိရှိရသော်လည်း လက်ရှိတွင် စစ် တပ် နှင့်ရဲက ရမ်းကားနေ၍ အခြေအနေ အသေးစိတ်မသိရသေးဟု ပြောဆို သည်။

“အခုက အခြေအနေအသေးစိတ်ကို မသိရသေးဘူး။ ဗုံးပစ်တာက ထိခိုက်မှု တော့ ရှိနိုင်တယ်” ဟု ရေစကြိုမြို့နယ် သတင်းပြန်ကြားရေး ကော်မတီ အဖွဲ့ ဝင် က ပြောသည်။

လက်ရှိ နောက်ဆုံးသတင်းအချက်အလက်များအရ ဗုံးပစ်ပြေးသည်ဆိုသော မသင်္ကာမှုဖြင့် လူငယ်တချို့ကို စစ်တပ်နှင့်ရဲက ရိုက်နှက် ဖမ်းဆီး ခေါ်သွား သည် ဟု သိရှိရပြီး ဖမ်းဆီးခံရသည့် လူငယ်တချို့အမည်များကို မသိရှိရသေး ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article