35 C
Yangon

မြစ်သား၊ မြင်းခြံ၊ ကြို့ပင်ကောက်နှင့် မြင်းမူတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီများ အပါအဝင် ၁၀ ဦး ပစ်ခတ် ခံရ ပြီး သေ ဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့၊ ဆည်ရွာ အမှတ် (၂)ရပ်ကွက်နေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်ထွန်းနိုင် (ခ) ဗိုက်ကားကို ဇွန်လ ၂၄ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်အချိန်တွင် သေမင်းတမန် ဒလန် ရှင်းလင်း ရေးအထူးပြောက်ကြားတပ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ပါသည်။

တင်ထွန်းနိုင်ကို ယခင်က ပျောက်ကြားတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ သော် လည်း အသက်မသေသောကြောင့် စစ်ကောင်စီထံမှ ရဲဗလ ဘွဲ့တံဆိပ်နှင့် ငွေသား ၁၀ သိန်းကျပ် ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း၊ ဘွဲ့ ရရှိပြီးနောက် ပိုင်းတွင် စစ်ကောင်စီက ပေးအပ်သောတာဝန်များကို ဆထက်တပိုးထမ်း ဆောင် ပေးကာ ပြည်သူများထံမှ မတရား အဓမ္ မ‌တောင်းယူလေ့ရှိသော ပျူစောထီး အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ပထမအကြိမ် ပစ်ခတ်ခံရပြီး နောက် ပိုင်းတွင် ထိုသူသည် ၎င်း လုံခြုံရေးအတွက် ရွာသူရွာသားများထံမှ မတရား သဖြင့် ငွေကြေးများ ကောက်ယူပြီး ‌ကင်းစောင့်များထားကာ အကာအကွယ် များယူခြင်း၊ ပတ်ဝန်းကျင်နေပြည်သူများအားလည်း ခြိမ်းခြောက်ခြင်း အစရှိ သည့် မတရားမှုများကို အကြိမ်ကြိမ် ကျူးလွန်နေပါသောကြောင့် ပစ်ခတ်ရှင်း လင်းခြင်းဖြစ်ကြောင်း သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပြောက်ကြား တပ်ဖွဲ့က ပြောဆိုသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဇလပ်ကုန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိုးနှင့်ဇနီး၊ ပျူစောထီး ဇင်မင်းထွန်းတို့ ၃ ဦးကို ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက သုတ်သင် ရှင်းလင်းခဲ့ကြောင်း People Defense Force – Mandalay (MDY-PDF) က ပြောသည်။

ဇွန်လ၂၅ ရက်နေ့ ညပိုင်းက မြင်းခြံမြို့နယ် ဇလပ်ကုန်းရွာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့ လင်မယားနှင့် ပျူစောထီး ဇင်မင်းထွန်းတို့ကို MDY-PDF၊ MYAUNG FIGHTER DEFENSE FORCE ၊ MOBILE DEFENSE FORCE နှင့် 27 REVOLUTION FORCE တို့ဖြင့် ပူးပေါင်း ရှင်းလင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာမှ ရာအိမ်မှူး လှကြည်၊ ဇနီး‌ စန်းမြင့်၊ အပေါင်း အပါ ဝင်းမြင့်၊ ခင်ဇော်တို့ကို ကြို့ပင်ကောက် PDF က ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ၄ ဦးသည် ကျေးရွာနေ ပြည်သူလူထုအပေါ် မောက်မာ ရိုင်းစိုင်းစွာ ဖြင့် ဖိနှိပ်အုပ်ချုပ်နေခြင်း၊ PDF များနှင့် ဆက်သွယ်များကို ဒုက္ခပေးခြင်း၊ PDF သတင်း များကို ထောက်လှမ်း၍ စစ်ကောင်စီထံ ပေးပို့သဖြင့် ရှင်းလင်း ဖြစ် သည်ဟု ကြို့ပင်ကောက် PDF က ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာတွင် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်အချိန် ကံဖျားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း အောင်ခိုင်နှင့် ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌအေးမာကြူ တို့ကို PAFD က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။ းတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာတွင် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်အချိန် ကံဖျားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း အောင်ခိုင်နှင့် ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌအေးမာကြူ တို့ကို PAFD က ပစ် ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ ကံဖျားကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း အောင်ခိုင် (၄၃) နှစ်နဲ့ ရပ်ကျေး ကြံ့ဖွတ်ဥက္ကဌ အေးမာကြူ (၄၀) နှစ်တို့ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာ သတ်ဖြတ်ခံရသူများသည် အမှန်တကယ် သတင်းပေးဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article