35 C
Yangon

ပဲခူး၊ သာယာဝတီမြို့ပေါ်တွင် ညကင်းစောင့် စစ်သားအချင်းချင်း ပစ်ခတ် မှု ဖြစ်ပြီး တပ်သားဇင်ကို လည်ပင်းကျည်ဖောက်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရ

Must read

ရန်ကုန်၊ ဇွန် ၂၈

ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ညကင်း စောင့်နေသည့် တပ် မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်မှ တပ်ကြပ်ကိုနိုင်နှင့် တပ်သား ဇင်ကိုတို့ စကားများ ရန်ဖြစ်ရာမှ သေနတ်ဖြင့် အချင်းချင်း ပစ်ခတ်ခဲ့သော ကြောင့် တပ် သား ဇင်ကို စိုးရိမ် ဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံ ပြည်သူ များ ထံမှ သိရသည်။

တပ်ကြပ် ကိုနိုင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရသော တပ်သား ဇင် ကို သည် လည်ပင်းကို ကျည်ဖောက် ထိမှန်ကာ စိုးရိမ်ဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ထားရကြောင်း ၊စစ်သားအချင်းချင်း ပစ်ခတ်ခဲ့သော တပ်ကြပ် ကိုနိုင်ကိုမူ အရေးယူမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရှမ်းပြည်နယ်တွင် တွေ့ရသော အကြမ်းဖက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ။

Phtoto- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article