28 C
Yangon

သရက်ချောင်းမြို့နယ်တွင် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဆက်တိုက် ဖြစ်ပွားပြီး စစ်သား ၁၄ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂၄ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့တွင် ကဇိရွာမှ ကျောက်ဖြူရွာကို စစ်သား အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာစဥ် ကျောက်ဖြူရွာအနီး၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်ဖြူရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးနှင့် စပါးကျီ ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စော်ဖျားရွာသို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း စော်ဖျားရွာသို့ ပြန်လည် ဆုတ်ခွာလာစဥ် လမ်းခရီးတစ်လျှောက် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကထီးဝရွာနှင့် စော်ဖျားရွာအကြားနှင့် မိုးရွှေကုန်းရွာနားတို့တွင် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး ထပ်မံသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့၊ Dawei southern Defense Force၊ People Defense Guerrilla Force၊ Fighting For freedom Force၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဦးတို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ သိမ်းဆည်း ရမိသော ပစ္စည်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article