38 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးတွေ ပစ်လွှတ် တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို ရှုတ်ချတယ်လို တရုတ်ဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်လိုက်ပြီး၊ လက်ရှိ ပဋိပက္ခမှာ ဝမ်ပေါင်အနေနဲ့ ပါဝင် ပတ်သက်လိုခြင်း မရှိကြောင်း ဝမ်ပေါင် ကုမ္ပဏီကနေ ထုတ်ပြန်ပြောဆိုလာပါတယ်။

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ် ၊ ကံဖျားကျေးရွာမှာ ဇွန်လ ၂၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကံဖျားကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အောင်ခိုင် နဲ့ ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌ အေးမာကြူ တိုကို PAFD က ပစ်ခတ်ရာမှာ သေဆုံးသွားတယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။
  • ပဲခူးတိုင်း၊ တောင်ငူခရိုင် အမြန်လမ်းမ ၊ မိုင်တိုင် ၁၈၆ မှာ ဇွန်လ၂၂ ရက်နေ့ က ပဲခူး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲဝင် ကိုငြိမ်းမောင်နဲ့ အတူ အမျိုးသမီး၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သူတိုရဲ့ လူမှုကွန်ရက် Facebook အကောင့်တွေကို အသုံးပြုနေတယ်လို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင် တစ်ဦး ကပြောပါတယ်။
  • စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NUG ကို အမေရိကန်ဒေါ်လာ တစ်သိန်း လှူဒါန်းတာကို ဥပမာပေး ပြီးတော့ ကြောက်ပေမယ့် ရဲလိုရတယ်ဆိုပြီး တခြားစီးပွားရေးလုပ်ငန်းရှင်တွေကို အမျိုးသား ညီညွတ် ရေးအစိုးရ စီမံကိန်း ၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံရသတင်းတွေကို တင်ဆက်ပေးပါမယ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article