34 C
Yangon

ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ ကျူးကျော်ထိုးစစ် ကြောင့်  ပြည်သူ ၁၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ၊ စစ်တပ်က ကျေး ရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်ဘက်နေရာ များကို ပစ်မှတ်ထား တိုက်ခိုက် 

Must read

ရန်ကုန်၊ ဇွန် ၂၉

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ထိုးစစ်များ ဆင်နွှဲ နေခြင်းကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီး နှင့်မုန်းမြို့နယ်များတွင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက တရား ဝင်သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ၊  ရန်မျိုး အောင် ကျေးရွာနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင် ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလ ဗျင်း၊ အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း(အထက်ပိုင်း)၊ မမယမ်း(အောက်ပိုင်း) စသည့် ကျေးရွာပေါင်း ၃၀ မှ လူဦးရေစုစုပေါင်း ၁၆၁၃၇ ဦး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရကြောင်း KNU က ပြောသည်။ 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့  အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက  ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျေးရွာပေါင်း ၁၁ ရွာမှ ကိုယ်ထူကိုယ်ထပညာရေး ကျောင်း များ ပိတ်သိမ်းကာ ရွေ့ပြောင်းတိမ်းရှောင်နေရကြောင်း၊  ထိုကျောင်း များ သည် ကျေးရွာသူကျေးရွာသားများက ကလေးများပညာရေးအတွက်  ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် ကျောင်းများဖြစ်ကြောင်း၊  အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ထိုသို့သောလုပ်ရပ်များကြောင့် ထိုကျေးရွာ များ မှကျောင်းနေအရွယ် ကလေးသူငယ်များအတွက်  ကြိုးစားတည် ထောင် ထား သော ပညာရေးလုပ်ငန်းအား ရပ်တန့်စေခြင်းသည် လူ့အခွင့်အရေးကို ပီပီ ပြင်ပြင် ချိုးဖောက်နေခြင်းဖြစ်ကြောင်း KNU က ပြောသည်။ 

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များ ပစ်ခတ်မှုကြောင့် ရွေ့ပြောင်းတိမ်းရှောင်နေရသည့် ကျေးရွာများဖြစ်သော ကျွန်း ကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား၊ပေါက် သတော၊ ထိုက်ထူ၊ စောမူသဲ၊ မမယမ်း၊ သောင်ပု၊ ကျွဲတလင်းစသည့် ကျေးရွာ  ၁၁ ရွာတွင် ကိုယ်ထူကိုယ်ထကျောင်း တည်ထောင်ထားပြီး ကျောင်းသားဦးရေ စုစု ပေါင်း(၄၇၆)ဦး ရှိကြောင်း သိရှိရသည်။ 

ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်ခြင်းကြောင့် ဝဲလဗျင်းကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီနှင့်  ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား ထိပ် တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက်နံနက် (၈)နာရီ ခွဲအချိန်တွင် အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သည် ခလရ(၆၀)တပ်ရင်းမှ ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်တွင် ဒရုန်းဖြင့်လက်နက်ကြီး ပစ်ချခဲ့ရာ    အရပ်သား ပြည်သူ အသက် ၃၀ နှစ်ရှိ  နော်အယ်စေးဖော၏ ဘယ်ဘက် လက်မောင်းတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စပ်လဲကျေးရွာအနီးရှိ စောပန်းသီး ၏ တဲကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မီးရှို့ဖျက် ဆီးခဲ့သည်ဟု KNU က ပြောသည်။ 

KNU  ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီမှ နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်တာဝန်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ် ပွားပြီးနောက်အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ စတင်ကျူးကျော် လှုပ်ရှားသည့် ဇွန်လ(၂၄)ရက်နေ့မှ ယနေ့အချိန်အထိ ပြည်သူလူထုနေထိုင်ရာ ဒေသသို့ နေ့ညမပြတ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်လျက်ရှိ ကြောင်းKNU က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article