37 C
Yangon

ရခိုင်ပြည်နယ်တွင် AA က တရားစီရင်ရေးစနစ် လည်ပတ်နေပုံကို ရုပ်သံဖိုင်နှင့် တကွ ထုတ်ပြန်၊ ဘူးသီးတောင်တွင်စပါးကောက်လှိုင်း ၇၀၀ ကျော်မီးရှို့ခဲ့သည့် ဖြစ် စဉ်ကို စတင် စိစစ် စစ်ဆေး 

Must read

ရန်ကုန်၊ ဇွန် ၂၉ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွါးခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒ(ကင်းဒါး)မွတ်ဆလင်​ကျေးရွာတွင် စပါးကောက်လှိုင်း ၇၀၀  မီးရှို့ခံခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းနေသည့် ဗွီဒီယို တစ်ခု ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ခြင်းဖြင့် AA က ရခိုင်ပြည် နယ် တွင် တရားစီရင်ရေးစနစ် လည်ပတ်နေကြောင်း ထုတ်ဖော်လိုက်သည်။ 

ယင်းဗွီဒီယိုသည် ၅ မိနစ်ခန့် ကြာမြင့်ပြီး ရက္ခိုင့်တပ်တော် (AA) ယူနီဖောင်း အပြည့် အစုံဝတ်ဆင်ထားသော မွတ်ဆလင် စစ်သားတစ်ဦးက မွတ်ဆလင် ဘာသာစကားဖြင့် ၎င်းဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် မွတ်ဆလင်အမျိုးသားတစ်ဦးကို မေးမြန်းထားသည်ကို တွေ့ရှိရသည်။

အဆိုပါဗွီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် AA ၏ တရားဝင် Arakan Army Website က  ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီအချိန်ခန့်က  လယ် သမား ၂ ဦး ပိုင်ဆိုင်သော စပါးကောက်လိုင်းစည်း ၇၀၀ ခန့် တစ်ပြိုင်နက်တည်း မီးရှို့ခံလိုက်ရပြီး လယ်ပိုင်ရှင်များဖြစ်ကြသော  ဦးမာမောက်တွင်စပါး ကောက် လှိုင်းစည်း ၃၀၀၊ ဦးမူဂျီရင်မားတွင် စပါးကောက်လိုင်းစည်း ၄၀၀ ဆုံးရှုံးခဲ့သည်။ 

ယင်းအပြင် ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝ ပြင်ကျေးရွာတွင် ရိတ်သိမ်းခြွေလှည့်စက်နှစ်လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာတွင် ရိတ်သိမ်းထားသော စပါးပုံများ မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေး ရွာ တွင် လယ်သမား ၃ဦး ပိုင်ဆိုင်သော ရိတ်သိမ်းပြီးသောစပါးများ တလင်း ပြင်တွင် မီးရှို့ခံရမှု စသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။

အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ နာဂရာကျေးရွာ အုပ်စု၊ ပေါက်တောမွတ်ဆင်ကျေးရွာတွင် တလင်းပြင်၌ စုပုံထားသော ကောက် လှိုင်း စည်း တစ်ထောင်ကျော်ခန့် မီးရှို့ခံရမှုနှင့် ဒီဇင်ဘာ ၂၀ ရက်နေ့ကမြောက် ဦး မြို့နယ်၊ မုချာကျေးရွာတွင် နွား ၅ ကောင် ဓားဖြင့် အခုတ်ခံရမှု စသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-  ဇွန် ၂၈ ရက်နေ့ ရက္ခိုင့်တပ်တော် AA က တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article