30 C
Yangon

ကော့ကရိတ်-မြဝတီအာရှလမ်း၊ မွေးမြူရေးဇုန်အနီး စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး၊ မွေးမြူရေးဇုန်အနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးကြောင်း ကော့ကရိတ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီ ကျူးကျော်တပ်စွဲထားသော ဥကရစ်ထခြေကုတ်စခန်းကို KNDO၊ KNLA ပူးပေါင်းတပ်ဖွဲ့က ၄ ရက်ကျော်ကြာ တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီက တပ်ကူများ ပို့ဆောင်ထားသလို လေကြောင်းမှလည်း ပစ်ကူများ အဆက်မပြတ် ပစ်ခတ်ပေးနေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေသလို အာရှလမ်းဘေး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ယမန်နေ့တွင် ပြောက်ကျားတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ဓါတ်ပုံ – ကရင်ပြည်နယ်တွင် တွေ့ရသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article