30 C
Yangon

မြောက်ဒဂုံဘေလီတံတားအနီးတွင် ယမန်နေ့ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံး သူမှာ တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော် ဖြစ်နေ

Must read

ရန်ကုန်၊ ဇွန် ၃၀

ရန်ကုန်၊မြောက်ဒဂုံဘေလီတံတားအနီးတွင် ယမန်နေ့ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီခွဲအချိန် ပစ်ခတ်ခံရပြီး သေဆုံးသူမှာ တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော် ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ ညပိုင်း ဗိုလ်ကြီးဟောင်း လည်းဖြစ်၊ တောင်ဒဂုံမြို့နယ် လျှပ်စစ် မန်နေဂျာလည်းဖြစ်သူ ဝင်းမြင့်ဇော်သည် ကလူဂါ အနက်ရောင် ယာဉ် ဖြင့် ၄၆ လမ်းဆုံဘက်မှ ပင်လုံလမ်းအတိုင်း ဘေလီတံတားဘက်သို့ မောင်းနှင် လာစဉ် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကြောင်း၊ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော် ၏ မေးစေ့ယာဘက် ၁ ချက်၊ ဝဲပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနံဘေး ဖောက် ဝင်ဒဏ်ရာ ၂ ချက်၊ ယာနံဘေးဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ကျောဖောက်ဝင် ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၆ ချက်ဖြင့် ကားပေါ်တွင် ပွဲချင်းပြီး သေဆုံး သွား ကြောင်း သိရှိရသည်။

ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော်သည် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တောင်ဒဂုံမြို့နယ် လျှပ်စစ်ရုံးမှ နေအိမ်သို့ အပြန်တွင် ပစ်ခတ်ခံရပြီး သေဆုံး ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဝင်းမြင့်ဇော်က ဗိုလ်ကြီးဟောင်းပါ ။ ၂၀၀၆ ခုနှစ်လောက်ကတည်းက ရန်ကုန် လျှပ်စစ်ဌာနကို မိုးကျရွှေကိုယ်အနေနဲ့ ဝင်လာတဲ့သူပါ” ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article