34 C
Yangon

လက်ပံတန်းတွင် ဆဲလ်ဗင်းဇူလိုင် အကြို “၇.၇.၆၂မမေ့နဲ့ ကျောင်းသားသမိုင်း မရိုင်းစေနဲ့’’စာသားချိတ်ဆွဲ၍ စစ်အာဏာရှင် စနစ် ကျဆုံးရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၅

ပဲခူးတိုင်း လက်ပံတန်းတွင် ဆဲလ်ဗင်းဇူလိုင် အကြို “၇.၇.၆၂မမေ့နဲ့ ကျောင်းသ ားသမိုင်း မရိုင်းစေနဲ့’’စာသားချိတ်ဆွဲ၍ စစ်အာဏာရှင် စနစ် ကျဆုံးရေး ယနေ့ ဆန္ဒပြကြသည်။

လက်ပံတန်းမြို့နယ် အထက(၁)ကျောင်းအဝင် တံခါးပေါက်တွင် ယနေ့ဇွန်၅ရက် နံနက်အစောပိုင်းတွင် “၇.၇.၆၂မမေ့နဲ့ ကျောင်းသားသမိုင်း မရိုင်းစေနဲ့’’စာသားပါဘန်နာကို ၇ ဇူလိုင် တက္ကသိုလ်သမဂ္ဂ အဆောက်အဦးဖောက်ခွဲဖျက်ဆီးခံရခြင်း နှစ် ၆၀ ပြည့်သည့် ဝမ်းနည်းဖွယ် နေ့ရက်အကြို အနေဖြင့် လက်ပံတန်းမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ လက်ပံတန်းမြို့နယ်အခြေခံကျောင်းသားများသမဂ္ဂ နှင့် ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(ထဝအကသ)တို့က ပူးပေါင်းချိတ်ဆွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသကြသည်။

စစ်အာဏာရှင်ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲထိ ကျူး ကျော် ဝင်ရောက်လာပြီး တက္ကသိုလ်ကျောင်းသားတွေကို စက်သေနတ်‌တွေ အသုံးပြုပြီးရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ပစ်သတ်ခဲ့ကာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article