By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဇွန်လ ၂၉ ရက်နေ့က KTV ကနေ ပြန်လာတဲ့ စစ်ကောင်စီခန့် ၊ ကဒုံစီး-ရပ်ကွက်အုပ်ချုပ်ရေးမှူး- မဲလုံးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– စစ်တပ်အမာခံ၊ ဘာသာရေးနဲ့ အမျိုးသားရေး အစွန်းရောက် ဖြစ်ပြီး Myanmar National Organization MNO ဥက္ကဋ္ဌ တင့်လွင်ဟာ ဒီကနေ့ ဇွန်လိုင်လ ၁ ရက်နေ့၊ မြောက်ဥက္ကလာပ မှာ ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိထားသလို အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်သေဆုံးပြီး၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်သား တွေကို ဆေးကုသပေးထားတယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။