32 C
Yangon

မြောင်မြို့နယ်၊ ဆူးလေကုန်းရွာကို စစ်တပ်က မီးဝင်ရှို့သဖြင့် နေအိမ် ၂၈ လုံး ပြာကျ

Must read

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမှ မြောင်မြို့နယ်သို့ ရောက်ရှိလာပြီး ဆူးလေကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် နွားများကိုလည်း မီးရှို့ ပစ်သတ်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ မီးရှို့တာ ပြည်သူပိုင်နေအိမ် ၂၈ လုံး ပြာကျသွားတယ်။ နွား ၁ ကောင်က မီးရှို့သတ်ခံရပြီး ကျန်နွား ၁ ​ကောင်က ပစ်သတ်ခံရတယ်။ ဖမ်းဆီးခံရသူ ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး တချို့တွေက ရွာထဲ ပြန်မရောက်သေးတာတွေရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ် စစ်ကြောင်းသည် ဆူးလေကုန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ရေစကြိုမြို့နယ် ရေလယ်ကျွန်း မြေစွန်းရွာကို ထွက်ခွာသွားပြီး ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရွှေလှံရွာ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article