33 C
Yangon

ဖားကန့်မြို့နယ်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက်နက် ၄ လက်နှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲ ၇ ဦးကို လက် နက် ၄ လက်နှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖားကန့်နှင့် နန့်ယားကြားတွင် ရဲ ၇ ဦးကို KIA PDF ပူးပေါင်းတပ်များက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း PDF သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

“ဖားကန့်က ရဲတွေ။ လက်နက် ၄ လက်ပါတယ်။ အသေးစိတ်ကတော့ ကျနော်တို့ ထုတ်ပြန်ခွင့်မရှိလို့ပါ။ ဖားကန့်နဲ့နန့်ယားကြား မှာ ဖမ်းလိုက်တာပါ။ မနေ့ နံနက်ပိုင်း ၁၁ နာရီ ပတ်ချာလည်”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဖားကန်မြို့နယ်မှ ရဲ ၇ ဦးသည် ကာမိုင်းမြို့မှ ဖားကန့်မြို့နယ်တရားရုံးသို့ လာရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါသတင်းနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက် အသွယ်မရရှိသေးပေ။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်ကိုင်တုတ် ရဲတပ်ဖွဲ့ဝင်များ။

Photo- Shutterstock

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article