36 C
Yangon

မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၇

မတူပီ၊ ခင်ဦး၊ မြိုင်၊ ကလေးနှင့် ဒီပဲယင်းတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မတူပီတွင် စစ်သား ၂ ဦးသေဆုံး

==================

ချင်းပြည်နယ် မတူပီမြို့နယ် အမ်လိုင်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအကြား ဇူလိုင်လ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Matupi တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်တပ်ကို CDF-Matupi၊ CNA၊ CDF-Zotung တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်သား ၆ ဦးသေဆုံး

==================

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က စစ်ကား အသေး ၂ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ပြီး ကင်းပုန်းများကို အနီး ကပ်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကား ၂ စီးသည် ခင်ဦးမှထွက်ခွာလာပြီး ရွှေဘိုလေ့ကျင့်ရေး ၈ မှ စစ်ကား အသေး ၁ စီးသည် လမ်းတွင် ကင်းပုန်းများ ချထားခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ခင်ဦးသို့ ပြန်လာသည့် စစ်ကား အသေး ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းများ ထိမှန်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ပြီး ဒဏ်ရာပြင်းထန်သူများကို ရွှေဘိုသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရွှေဘိုလေ့ကျင့်ရေး ၈ မှ စစ်ကား အကြီး ၂ စီး၊ သံဂျပ်ကာပြီး ဒဏ်ရာပြင်းထန်မှု မရှိသော မိုင်းထိ စစ်သားများကို လိုက်လံ ပို့ ဆောင်စဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များမှ ထပ်မံ မိုင်းဆွဲခဲ့သော် ည်း ပေါက်ကွဲခြင်း မရှိသောကြောင့် နောက်ပြန်ဆုတ်ခဲ့ရပြီး ယင်း စစ်ကား ယာဥ်တန်းသည် အရှေ့ဘက်ကို ပစ်ခတ် ခြောက်လန့်ပြီး ကြို့ကန်ရွာအနီးထိ ဒဏ်ရာ စစ်သားများကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကလည်း ကင်းပုန်းဝပ်နေသော စစ်သားများကို အနီးကပ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထပ်မံ သေဆုံးခဲ့ကာ သေဆုံးသွားသော စစ်သား ရုပ်အလောင်းများကို ညနေ ၄ နာရီခန့်တွင် ခင်ဦးသို့ ပြန်လည် တင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော နဂါးညီနောင်အဖွဲ့၊ မော်ကွန်းညီနောင်အဖွဲ့နှင့် ငှက်ကြီးတောင်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်တွင် တိုက်ပွဲဖြစ်

============

မကွေးတိုင်း မြိုင်မြို့နယ် ဆူးဝင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို RDF – Regional Defense Force (pauk) တပ်ဖွဲ့နှင့် နယ်မြေခံ LPDF တပ်ဖွဲ့တို့က ပူးပေါင်းကာ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်တွင် ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ ဗုံးသီး များဖြင့် အချက်ရေ ၆၀ ကျော်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှု ရှိသော်လည်း အရေအတွက်နှင့် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ကလေးတွင် စစ်သား ၂ ဦးသေဆုံး

===================

စစ်ကိုင်းတိုင်း ကလေးမြို့ အနောက်ပိုင်း တောင်ဖီလာလမ်းမကြီးနှင့် ဝန်ထမ်းအိမ်ယာလမ်းထောင့်အနီး အင်အား ၅၀ ခန့်ဖြင့် ခြေလျင်တက်လာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို PDF (Kalay) မိုင်းတပ်ဖွဲ့မှ ဇူလိုငခလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်ကလည်း အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်တပ်ဘက်မှ အရာရှိအဆင့် ၁ ဦးအပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း PDF Kalay တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များသည် တောင်ဇလပ်ရပ်ကွက်ဘက်မှ ကျန်စစ်သားလမ်းအတိုင်း အနောက်ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်လာပြီးနောက် ခြေလျင်တက်လာစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်က အနီး ပတ်ဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်းမှ ပြည်သူတချို့ကို သေနတ်ထောက်ပြီး လမ်းကြားများအတွင်း မိုင်းရှင်းလင်းရန် လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၂ ဦးသေဆုံး

===================================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှ ယနေ့ ညနေ ၆ နာရီ ၃၀ ခန့်အချိန်တွင် ထွက်လာသော အင် အား ၄၀ ခန့်ရှိ စစ်ကြောင်းကို ဒီပဲယင်းမြို့နှင့် ၂ မိုင်ခန့်အကွာ မဲသည်ရွာနှင့်၀ဘာရွာအကြား တွင် DPRA တပ်ဖွဲ့၊ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ FRF တပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နှင့် Galaxy Force ဒီပဲယင်းပကဖ တို့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကြောင်း သိရှိရသည်။

“စစ်ခွေးအလောင်းတွေက လာမယူသေးဘူး။ မြင်တာက ၆ လောင်းတွေ့ရတယ်။ ဒဏ်ရာရတွေကအတော်များတယ်” ဟု DRPA တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article