30 C
Yangon

စစ်တပ်က ပြည်တွင်းလေကြောင်း ခရီးစဉ်များဖြင့် နိုင်ငံတစ်ဝန်း လက်နက်နှင့်ကျည်ဆန်များ သယ်ယူပို့ဆောင်သ ဖြင့် လေကြောင်းလိုင်းတချို့က လက် နက်ခဲယမ်း သယ်ယူမှုဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်ရ

Must read

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းသို့ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် လက်နက်နှင့်ကျည်ဆန်များ သယ်ယူမှုများ လုပ်ဆောင်နေသဖြင့် ပုဂ္ဂလိက လေကြောင်းလိုင်းတချို့က လက်နက်သယ်ယူမှုဆိုင်ရာ စည်းကမ်းချက် များ ထုတ်ပြန်ထားရကြောင်း သိရှိရသည်။

ယခုနှစ် မေလမှစတင်ပြီး စစ်ကောင်စီက ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လက်နက်နှင့်ကျည်ဆန်များကို သယ်ယူပို့ဆောင်လာခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI က ပြည်တွင်းခရီးစဉ်များတွင် လက်နက်သယ်ယူမှုဆိုင်စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကုန်းလမ်း၊ရေလမ်း လက်နက်သယ်ဆောင်ဖို့ခက်ခဲလာတဲ့အတွက် စစ်တပ်က လက်နက်ရွှေ့ပြောင်းသယ်ယူမှု တွက် ပြည်တွင်း လေကြောင်းကိုပိုမိုအားပြုလာပါတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးကိုထိခိုက်လာနိုင်တဲ့အတွက် MAI လေကြောင်းလိုင်းက လက်နက်သယ်ယူမှုတွေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ MAI ဝန်ထမ်းတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မေလမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article