36 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၉ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ရှေ့တန်းကနေ ဒဏ်ရာရပြီး အိမ်ခဏပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဗိုလ်ကြီး-အောင်ဟိန်းသန့် ဆိုသူဟာ ဒီကနေ့ ဇွန်လိုင်လ ၉ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးဖွယ်ရှိတယ်လို့ UG သတင်းရင်းတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မကွေးတိုင်း‌၊ မြိုင်မြို့နယ်၊ စစ်ကောင်စီရဲ့ ကိုင်းတောမ- ရဲကင်းက ရဲတပ်သား ပါဆန်း နဲ့ ရဲတပ်သား လူသော်တို့ ၂ ဦးဟာ ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက် ၂ လက် နဲ့ အတူ အလင်းဝင် CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင် – ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေ တပ်စွဲ စခန်းချရာနေရာကို ဒေသကာကွယ်ရေး-ပြောက်ကျားအဖွဲ့တွေကနေ ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article