33 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မူဝါဒတင်းကျပ်မှုတွေက မြန်မာ့စီးပွားရေးတိုးတက်မှုကို ပြောင်းပြန် လှန်လိုက်ပြီး သန်း ၅၀ ကျော်ရှိတဲ့မြန်မာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုအောက်ကို ရောက်ရှိနေပြီလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

– ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၃ နဲ့ ၆ ဒသမ ၁ အဆင့်ရှိ ငလျင် ၂ ကြိမ် ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းမှာ လှုပ်ခတ်သွားပြီး ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ 

– ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းမှာရှိတဲ့ ယခင်စစ်တပ်မှတ်တမ်းရုံးကို အသွင်ပြောင်းထားတဲ့ မြ၀တီမီဒီယာစင်တာအနီးမှာ ပြင်းအားမြင့်တဲ့မိုင်းပေါက်ကွဲမှုတစ်ရပ် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

– မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ PDF – အနောက်ပိုင်းတိုင်းတို့ ဇူလိုင်လ ၂၀ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့က PDF ရဲ့  မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၃ ဦးထက်မနည်း သေဆုံးတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article