35 C
Yangon

ကော့ကရိတ်၊ ကော့နွဲ့ရွာအနီး အာရှလမ်းတွင် လောင်စာဆီ/ဓာတ်ငွေ့တင်ကား ၁ စီး ပစ်ခတ်ခံရ၊ အနီးဝန်းကျင်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ ကော့နွဲ့ကျေးရွာအနီးတွင် ကော့ကရိတ်ဘက်သို့ သွားနေသည့် လောင်စာဆီ/ငွေ့ တင် ဘောက်ဆာကား ၁ စီး ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရပြီး အငွေ့များ ပေါက်ထွက်နေကြောင်း အနီးဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရကြောင်း ဖြတ်သန်းသွားလာသူများထံမှ သတင်းရရှိသည်။

“အကြောင်းရင်းကိုတော့ သေချာ အတည်မပြုပေးနိုင်သေးဘူး၊ ကျနော်တို့ရောက်တဲ့ချိန်ကတော့ အငွေ့တွေ ထွက်နေပြီ ကော့ကရိတ်မှာလည်း တိုက်ပွဲက ဖြစ်နေတယ်၊ လက်နက်ကြီးသံ တေတော့ ခဏ ခဏကြားနေရတယ်” ဟု ဖြတ်သန်းသွားလာသူ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ အာရှလမ်းမတွင် ယမန်နေ့ကလည်း အကြမ်းဖက်စစ်တပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းနှင့် မြဝတီ-ဝေါလေ ကားလမ်းများကို ပြည်သူများ အသုံးမပြုရန် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article