33 C
Yangon

မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ ပျူစောထီးခေါင်းဆောင်၏ သက်တော်စောင့် ဒုတပ်ကြပ် ကျော်ဇင်ထွန်းကို နွားထိုးကြီး PDF ရှင်းလင်း၊ သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ ရွာလူကြီး ပျူစောထီးခေါင်းဆောင်၏ သက်တော်စောင့်အဖြစ် လုပ်ကိုင်နေသော ဒုတပ်ကြပ် ကျော်ဇင်ထွန်းကို နွားထိုးကြီး PDF က ယမန်နေ့ ဇူလိုင်လ ၂၉ ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ သေနတ် ၂ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပျူစောထီးခေါင်းဆောင်၏ သက်တော်စောင့်အဖြစ်လုပ်ကိုင်နေသော ဒုတပ်ကြပ် ကျော်ဇင်ထွန်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းကိုင်ဆောင်သော ရိုင်ဖယ်သေနတ် ၁ လက်၊ ၁၂ ဗို့ ရှော့ဂန်း ၁ လက်နှင့် ၁၂ ဗို့ကျည် အတောင့် ၂၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article