38 C
Yangon

ဆားလင်းကြီးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများ ပြန်လည် ထူထောင်ရေး မိုးရေစက် ကမ်ပိန်း မဲလက်မှတ်များ ရောင်းချ၊ ပြည်သူများ ဝယ်ယူကြရန် နှိုးဆော်

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း ဆားလင်းကြီး​​မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများ ပြန်လည် ထူထောင်ရေး အတွက် မိုးရေစက် ကမ်းပိန်း ခေါင်းစဥ်ဖြင့် မဲလက်မှတ်များ ရောင်းချကာ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

မဲလက်မှတ်များကို တစ်စောင် ၈ ထောင်ကျပ်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့ထိ ဆားလင်းကြီး သတင်းမှန် ပြန်ကြားရေး အဖွဲ့က ၎င်းတို့ Facebook page chat box မှ ရောင်းချ ပေးသွားမည်ဖြစ်ပြီး ဝယ်ယူလိုသူများ အနေဖြင့် Page Chat box တွင် စုံစမ်းဝယ်ယူ နိုင်ကြောင်း သိရသည်။

ကမ်ပိန်းမှ ရရှိလာသော အလှူငွေများကို ဆားလင်းကြီးမြို့နယ်နယ် ပကဖ၊ ပအဖ အဖွဲ့အစည်းများ၊ ဆားလင်းကြီးဒေသအတွက် ဆေးရုံဖွင့်လှစ်နိုင်ရန် ဆေးဝါးပစ္စည်းများဝယ်ယူရန် နှင့် ကြုံတွေနေရသော မီးဘေးသင့် ကျေးရွာများမှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ဝယ်ယူရန် စသည်တို့အတွက် အဓိက ကူညီ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မဲလက်မှတ်ဝယ်ယူလိုသူများအနေဖြင့် ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ https://www.facebook.com/profile.php?id=100076677707926 သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article