28 C
Yangon

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် စစ်​ကောင်စီ၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေ မဲ့ သတ်ဖြတ်မှု အပေါ် ဆန့်ကျင် ရှုတ်ချ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် မြန်မာ အကြမ်းဖက် စစ်တပ်၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ဆန့်ကျင် ရှုတ်ချချီတက် ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြပွဲကို မဲလ်ဘုန်းမြို့နေ မြန်မာမိသားစုများမှ မြို့လယ်ရှိ Federation Square တွင် မွန်းလွဲ ၁၂ နာရီခန့်၌ ကျင်းပခဲ့ပြီး မဲလ်ဘုန်းရှိ မြန်မာလူမှု အသိုင်း အဝိုင်းကို အစဉ်တစိုက် အားပေး ကူညီခဲ့သည့်၊ ဗစ်တိုးရီးယားပြည်နယ် လွှတ်တော် အမတ် Mr. Meng Heang Tak တက်ရောက်ခဲ့ပြီး၊ မြန်မာ့အရေးကို ထောက်ခံအားပေးသူမ၏ သြစတြေးလျ နိုင်ငံသားများလည်း အတူတကွ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲ အခမ်းအနားတွင် လူငယ်များ၏ စစ်အာဏာရှင် စနစ် သရုပ်ပြပွဲကိုလည်း ထည့်သွင်းခဲ့ပြီး၊ မကြာမီက သြစတြေးလျ နိုင်ငံကိုရောက်ရှိလာတဲ့၊ သရုပ်ဆောင်မင်းမော်ကွန်းနှင့် စာရေးဆရာ မင်းဒင်တို့ကလည်း တက်ရောက်ပြီး သေဒဏ်ပေးခံလိုက်ရသည့် ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက်ဝမ်းနည်း စကားပြောကြားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article