38 C
Yangon

ရန်ကုန်၊ လှိုင်သာယာ တံတားအဆင်းရှိ စစ်တပ် နှစ်ထပ်လုံခြုံရေး ဘန်ကာကို ၁၀ ဘီးကား ဝင်တိုက်၊ ရွှေဘိုတွင် ပျူစောထီးအဖွဲ့ လိုက်ပါသောကား လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ တံတား အဆင်း ၁ ထိပ်ရှိ အကြမ်းဖက် စစ်တပ်၏နှစ်ထပ် ဘန်ကာကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ၁၀ ဘီးကား ၁ စီးက ဝင်တိုက်ခဲ့ပြီး နှစ်ထပ်ဘန်ကာ အပေါ်ပိုင်း အနည်းငယ်ပျက်စီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“၁၀ ဘီးကားက တိုက်တာ အရှိန်တော့ သိပ်မပြင်းတော့ ​ဘမ်ကာအမိုး​တော့ယိုင်သွားတာလောက်ပဲ။ စစ်​ခွေးကအ​ပေါ်မှာ မထိ​ဘူး။ လင်မယားနှစ်ယောက်ကားခေါင်းထဲမှာ ပါလာတာ။ ဒီနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ကပါ” ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇီးဖြူကုန်းကျေးရွာ မြောက်ဘက်ရှိ လမ်းဘေး ဓာတ်တိုင်ကို တည်သီးတော ကျေးရွာမှ ပျူစောထီးများ မောင်းနှင်းလာသော ကား ၁ စီးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ဝင်တိုက်ခဲ့ပြီး ဓာတ်တိုင် ကျိုးပဲ့ကာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Shwebo Daily News အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကားပေါ်တွင် ပျူစောထီး ၅ ဦး လိုက်ပါလာပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ၂ ဦး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article