ရန်ကုန်၊ ဇူလိုင် ၃၀
ရွှေဘိုခရိုင်တပ်ရင်း (၂၃) နှင့် မဟာမိတ်များ Shwe Bo Defense Force (SBDF)၊GZ Special Task Force. ပျောက်ကြားတပ်ဖွဲ့၊တောကြီးမြွေပွေးပျောက်ကြားတပ်ဖွဲ့ နှင့် ရွှေချိုးဖြူပျောက်ကြားတပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ ထောက်တိုင် ဖြစ်သော Denko ဆီဘောက်ဆာ ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ် နှင့်ပတ်သက်သည့် မည်သည့်လုပ်ငန်းမဆို ပြင်းပြင်းထန်ထန် အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
Photo – ရွှေဘိုခရိုင်တပ်ရင်း (၂၃)



