32 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၃၀ ရက် ညနေပိုင်း ရရှိထားတဲ့သည့် သတင်းတွေကတော့

– ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်-ခန်းမ ၊ စည်ပင်ဝင်ပေါက် အနီးမှာ ဗုံးပေါက် ကွဲပြီး လူနာတင်ကား ၃ စီးပါရောက်ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ခဝဲကျင်း-ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်မြင့်၊ ဇနီး အပါအဝင် လုံခြုံရေးအစောင့် ဌေးနိုင်တို့ ၃ ဦးဟာ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပစ်ခတ်ခံရပြီးသေဆုံး သွားတယ်လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ နဲ့ ဘုတလင်မြို့နယ် ဝံပုလွေ‌ ပြောက်ကျားတပ်ဖွဲ့ကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။  

– ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ တပ်-လစာတွေ ထုတ်ယူလာတဲ့ ခမရ ၇၀၉ က တပ်ထောက်-ဗိုလ်ကြီး အောင်ခန့်မင်း ပစ်ခတ်ခံရပြီး သေဆုံးသွားရာမှာ တပ်လစာ ငွေကျပ် သိန်း ၂၀၀ ကျော်ကို သေနတ်သမားတွေက ယူဆောင်သွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေ လစာမရဘူးလို့ သိရပါတယ်။

-မန္တလေး PDF က လုံခြုံရေးယူထားတဲ့ နောင်ချို နဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းကို ဇူလိုင်လ ၂၈ ရက်နေ့က ကျူးကျော်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား သေဆုံးမှုများစွာ နဲ့ ကစဉ့် ကလျား ထွက်ပြေးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article