ရန်ကုန်၊ ဇူလိုင် ၃၁
” တရားတဲ့သူသာ နိုင်ကြေးဟေ့၊အားလုံးစုစည်းနေရင် ဘာမှမဖြစ် ” စာတန်းကိုကိုင်ဆွဲကာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် မျက်နှာပုံများကိုအသီးအသီးကိုင်ဆောင်လျက် ပြည်သူလူထုနှင့်အတူသစ္စာအဓိဌာန်ပြုခဲ့သည်။
အခုကဲ့သို့သစ္စာအဓိဌာန်ပြုပွဲကျင်းပသည့်အတွက် စစ်ခွေး၊ရဲခွေးများမကြာမီ လာရောက်အကြမ်းဖက်ပြီး အကြောက်တရားထည့်သွင်းနိုင်သည့်အကြောင်းပြောကြားကာ တော်လှန်ရေးလူငယ်များမှ ပြည်သူလူထုကို ဒူးထောက်တောင်းပန်စကားဆိုခဲ့ကြသည်။
အဆိုပါလူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ ဗမာ့လူငယ်ကွန်ရက်/Youth Association Of
Thingangyun (YAT)/အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)/ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike)/Labour Alliance အဖွဲ့ဝင် (CTUM)/ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ/ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏မြေပြင်ကင်းထောက်ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ကြသည်။
Photo/ AAMIJ