26.2 C
Yangon

ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှု အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည် ကျည်ထိမှန်ပြီးသေဆုံး

Must read

ရန်ကုန်၊ မေ ၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေးမြို့နယ်၊ ချောင်းတောင်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်သည် နေအိမ်အတွင်းရှိနေသည့် အသက် ၇၀ နှစ်အရွယ် ဦးဝင်းကြည်ကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျည်ထိမှန်ခဲ့သော ဦးဝင်းကြည်ကို ကျေးရွာနေ ပြည်သူများက ရေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချောင်းတောင်ကျေးရွာကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တာ စစ်ခွေးတွေ ပစ်ခတ်တဲ့ ကျည်က ချောင်းတောင် ညောင်လေးပင်ရပ်ကွက်မှာ ဦးဝင်းကြည်ကို ထိမှန်ခဲ့တာ သေနတ်ဒဏ်ရာက ပြင်းထန်လို့ ကျေးရွာနေပြည်သူတွေက ရေးဆေးရုံကြီးကိုပို့ဆောင်တုန်း ဆေးရုံအရောက်မှာတင် သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းရှိ ကွမ်လှာရွာနှင့် ရောင်းဒေါင်းရွာအကြားတွင် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ကားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကုန်ကားမောင်းသူ အမျိုးသား ၁ ဦး ကျည်ထိမှန်ပြီး ပွဲချင်ပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article