ရန်ကုန်၊ မေ ၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှု မရှိဘဲ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အလုံးစုံလွတ်မြောက် ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်လည် ရရှိရေး ဆက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄၂ ဖွဲ့က စုပေါင်း ကြေညာ သည်။
ဧပြီလ ၁၇ ရက်နေ့တွင် စစ်အုပ်စု၏ ၅ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက် လာသော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်သည့်အပေါ် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်သော်လည်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ရိုးသားမှုမရှိဘဲ ထိန်းသိမ်းထားဆဲဖြစ် ကြောင်း မကွေးတိုင်းမှ တော်လှန်ရေး ၄၂ ဖွဲ့က ပြော ဆိုသည်။
“ဂျုံတစ်ခင်းလုံး သိမ်းပြီး ပေါက်စီ လေးတစ်လုံးပေးတာတော့ ကျေဇူးတင် မနေတော့ဘူးဗျာ။ ဖက် ဒရယ်ဒီမိုမရမချင်း ငုပ်မိ သဲတိုင် တက်နိုင်ဖျားရောက် ပြည်သူလက်ထဲအဏာပြန်ရတဲ့အထိ တိုက်ပွဲ ၀င်သွားမယ်လို့ ဆုံးဖြတ်ထားသလို ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ ရဲဘော်တွေနဲ့အတူ တူ အ ဆုံးထိ လျှောက်မယ်လို့ ယုံကြည်ပါတယ်” ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ် ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ တိုင်းရင်းသားညီနောင်များနှင့် အတူလက်တွဲပြီး မကွေးဖက်ဒရယ်ယူ နစ်အစိုးရ လက်အောက်မှနေ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက စုပေါင်းကြေညာသည်။
မကွေးယူနစ်အစိုးရအနေဖြင့်လည်း မကွေးတိုင်းအတွင်းရှိ (Local People’s Defense Force) များကို ယူနစ်အစိုးရအောက်မှ စနစ်ကျသော သန္ဓေထိုင်တပ်များအဖြစ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း တောင်းဆိုထားသည်။
မကွေးယူနစ်အစိုးရအောက်တွင် ပူးပေါင်းပါဝင်လာသည့် (Local People’s Defense Force) တပ်ဖွဲ့ ၂၁ ဖွဲ့ကိုလည်း ကြိုဆိုပြီး နောက်ထပ်ကျန်ရှိနေသော အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ရင်း မကွေး ယူနစ်အစိုးရအနေဖြင့် ပူး ပေါင်းလိုသော(Local People’s Defense Force)တပ်ဖွဲ့များကို စည်းစနစ် ကောင်းမွန်၍ စည်းကမ်းတိကျသော တပ် တစ်ခုဖြစ်အောင် အမြန်ဆုံးဆောင်ရွက်စေလိုကြောင်းတိုက် တွန်းထားသည်။




